1. Home
  2. Special or Others

၁၅ နှစ်သမီးက ၆ နှစ်သားလေးကို အပျော်သဘောဖြင့်သတ်ပြီး အဖမ်းခံ

Special or Others มี.ค. 13, 2563 view 2,526

အချို့သော ရုပ်ရှင်ဇာတ်ကားတွေဟာ ကလေးငယ်တွေ့ရဲ့ စိတ်ကို ယိမ်းယိုင်ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေမှာ (PG 13, 15) အစရှိသဖြင့် ကြည့်ရှုသင့်တဲ့ အသက်အရွယ် ကန့်သတ်ချက်တွေကိုပါ ဖော်ပြထားတတ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ စိတ္တဇလူသတ်ကားတွေကို နှစ်ခြိုက်စွာကြည့်ပြီး ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း အိမ်နီးချင်းဖြစ်တဲ့ အသက် ၆ နှစ်အရွယ် ကောင်လေးကို နေအိမ်မှာပဲ သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီနောက် သူမဟာ ဂျာကာတာမြို့ ရဲစခန်းမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ရဲတွေက စစ်ဆေးမေးမြန်ရာမှာ လူသတ်မှုအတွက် နောင်တမရပဲ အခုလို လုပ်လိုက်ရတာဟာ သူမရဲ့စိတ်ထဲမှာ ပျော်ရွှင်ကျေနပ်သွားတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမဟာ ကလေးနဲ့အတူတူ သူ့ရဲ့နေအိမ်မှာ သွားရောက် ကစားနေရင်း ရေချိုးခန်းထဲကို မြှားခေါ်ကာ ရုပ်ရှင်တွေထဲကအတိုင်း သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကလေးမလေးဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ စိတ္တဇအသွင် ဆောင်နေပြီး ယခင်ကလည်း အိမ်မွေးတိရိစ္ဆာန်ငယ်လေးတွေကို မကြာခဏဆိုသလို ညှင်းပမ်းနှိပ်စက်မှုတွေလုပ်သလို တိုက်အမြင့်ကြီးတွေပေါ် ခေါ်သွားပြီး အပေါ်ကနေ အောက်ကို ပစ်ချတာတွေလည်း လုပ်လေ့ရှိတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သူမရဲ့နေအိမ်ကို ရဲတွေက ဝင်ရောက်ရှာဖွေရာမှာ နာမည်ကျော် ထိက်လန့်စရာပြကွက်တွေပါဝင်တဲ့ Slenderman ရုပ်ရှင်ထဲကအတိုင်း ပန်းချီပုံတွေကို ဒိုင်ယာရီထဲမှာ ရေးဆွဲထားတာတွေကို တွေ့ရတတ်ပါတယ်။ လက်ရှိမှာတော့ သူမကို စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း SinChew သတင်းတွင် ‌ဖော်ပြပါရှိသည်။



Follow us on