အအိပ်မက်သူတွေကို အများစုက ပျင်းတဲ့လူတွေလို့ ယေဘုယျ သတ်မှတ်လေ့ရှိကြပါတယ်။ အခုတော့ အအိပ်မက်သူတွေ၊ အိပ်ရတာကို သဘောကျတဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ပေါ်လာပါပြီ။
အိပ်စက်ခြင်းနဲ့ ပက်သက်ပြီး သုတေသန စမ်းသပ်မှုတစ်ခုအတွက် ၁၅ ညတိတိ အစမ်းသပ်ခံ အိပ်စက်နိုင်သူကို စတာလင်ပေါင် ၂၄,၀၀၀ (ကျပ်သိန်း ၄၀၀ ကျော်) ပေးမယ်လို့ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်မှာရှိတဲ့ Hillarys ကုမ္ပဏီက ကမ်းလှမ်းရှာဖွေနေပါတယ်။
အဲဒီအတွက် ဘာပညာအရည်အချင်းမှ မလိုအပ်ပါဘူး၊ ၁၅ ည လုံးလုံး နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ရမှာ တစ်ခုပဲ ကြုံတွေ့နိုင်ပါတယ်။
အအိပ်မက်တဲ့သူတွေကို အိပ်လှချေလားလို့ ပြစ်တင်ကြပေမယ့် တစ်ကယ်တမ်းကျတော့ သူတို့လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ Hillarys ကုမ္ပဏီကလည်း ဒီအချက်ကို စမ်းသပ်ချင်တာဖြစ်ပါတယ်။ လူတွေဟာ ဘယ်လိုအကြောင်းတွေကြောင့် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်သလဲ၊ ဘာတွေ့ကြောင့် နိုးထလာတတ်သလဲဆိုတာတွေကို စမ်းသပ်မှာ ဖြစ်ပါတယ်။
အစမ်းသပ်ခံရမယ့်သူက Hillarys ကုမ္ပဏီရဲ့ ရုံးခန်းမှာ ၁၅ ညတိတိ သွားရောက် အိပ်စက်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် ခရီးစရိတ်နဲ့ စမ်းသပ်မှုကာလ အောင်မြင်ပြီးဆုံးသွားတဲ့အချိန်မှာ ပေါင် ၂၄,၀၀၀ ကိုလည်း ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။
စမ်းသပ်ချက်တွေမှာတော့ ညဘက်တွေ အိမ်စက်နေချိန်မှာ မျှော်လင့်မထားတဲ့ အသံတွေ၊ အလင်းရောင်တွေ မျိုးစုံနဲ့ စမ်းသပ်မှာ ဖြစ်ပြီး လန့်နိုးလာတဲ့အချိန်မှာ ဘာကြောင့် လန့်နိုးလာတာလဲဆိုတဲ့ မေးခွန်းတွကိုတော့ ဖြေဆိုပေးရမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ၂၀၂၀ ဧပြီလ ၉ ရက် ည ၁၂ နာရီ မတိုင်မီထိ Hillarys ရဲ့ ဝဘ်ဆိုက်မှာ စာရင်းပေးသွင်းနိုင်ပါသည်။
comment