1. Home
  2. Special or Others

AirAsia က လေယာဉ်လက်မှတ် တစ်သန်းကို ယနေ့ အခမဲ့ စပေးနေပြီ

Special or Others ก.พ. 24, 2563 view 1,869

ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုနဲ့အတူ ခရီးသွားလာမှုတွေ နည်းပါးနေချိန်မှာ တန်ဖိုးသင့်လေကြောင်းလိုင်းဖြစ်သည့် AirAsia က  သြစတေးလျ၊ ဂျပန်၊ တိုင်ပေနဲ့ အိန္ဒိယအပါအဝင် လူကြိုက်များတဲ့ လေကြောင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ပေါင်း ၁,၀၀၀,၀၀၀ ကို ၇၂ နာရီအတွင်း အခမဲ့ ထုတ်ပေးသွားမည်ဟု ဖေ့စ်ဘွခ်စာမျက်နှာတွင် ကြေညာထားသည်။

လေယာဉ်လက်မှတ်များဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ မဲလ်ဘုန်း၊ ဆစ်ဒနီ၊ ပါ့သ်၊ ဖူကူအိုကာ၊ တိုကျို၊ ဆိုးလ်၊ ဘူဆန်၊ တိုင်ပေ နဲ့ အစရှိသည့် လေဆိပ်များသို့ ပျံသန်းမည့် လေကြောင်းလိုင်းများအတွက်ဖြစ်သည်။

လေယာဉ်ထိုင်ခုံလက်မှတ်များကို အခမဲ့ပေးဝေသော်လည်း အခွန်အခနဲ့ အခြားကုန်ကျစရိတ်များ မပါဝင်ကြောင်း သိရသည်။ အခမဲ့ထိုင်ခုံလက်မှတ်များကို AirAsia ၏ တရားဝင် ဝဘ်ဆိုက်စာမျက်နှာ airasia.com သို့မဟုတ် AirAsia Application ကို အသုံးပြု၍ LogIn ဝင်ပြီး ရယူနိုင်မည်ဖြစ်သည်။ လေယာဉ်လက်မှတ်များကို ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက် ထိသာ ၇၂ နာရီအတွင်း ထုတ်ဝေပေးသွားမည်ဖြစ်သည်။

အခမဲ့ထိုင်ခုံလက်မှတ်များအတွက် လေယာဉ်အချိန်များမှာ ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အတွင်း ခရီးစဉ်များဖြစ်ကြောင်း ဖော်ပြထားသည်။

 



Follow us on