1. Home
  2. Special or Others

Grab ယာဉ်မောင်းတစ်ဦးဆီက ရလိုက်တဲ့ ချီးကျူးစရာ သင်ခန်းစာ

Special or Others ก.พ. 04, 2563 view 1,510
Facebook သုံးစွဲသူတစ်ဦးက Grab ကားကို ငှားစီးမိရာကနေ မထင်မှတ်ပဲ ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံ တစ်ခုကို အွန်လိုင်းပေါ်မှာ ပြန်လည်ရေးသားဖော်ပြရခဲ့ပါတယ်။ ဒီအကြောင်းအရာလေးက သင်ခန်းစာယူစရာကောင်းလွန်းလို့ ပိုစ့်တင်ပြီး ခဏလေးအတွင်းမှာပင် ပြန်လည်ဝေမျှသူ ဝင်ရောက်ရေးသားသူတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။
 
သူရေးထားတာကတော့ “ကျွန်တော်မနေ့က အပြင်သွားဖို့ ကိစ္စတစ်ခုပေါ်လာတာနဲ့ Grab ခေါ်လိုက်တယ် ကားအမျိုးအစား ရွေးပြီးခေါ်လို့ရတဲ့ Grab Premium ကိုခေါ်တယ်။ လာကြိုမယ့်ကားက Toyota Camry ဒါမှမဟုတ် Honda Accord ကားအမျိုးအစားတွေပဲ ဖြစ်မှာပါလို့ ထင်ထားခဲ့တယ်။
 
သရုပ်ဖော်မျှသာ
 
ဒါပေမဲ့ တစ်ကယ် လာကြိုတဲ့ကားက C300 Estate ဇိမ်ခံကားကြီးဖြစ်နေတယ်။ ကျွန်တော် အရမ်းအံ့သြသွားတယ်၊ ယာဉ်မောင်းက လူငယ်လေးပဲ။ ကားစီးလာတဲ့ လမ်းတစ်လျှောက်မှာ သူ့ကိုကျွန်တော် နားမလည်နိုင်လို့ မေးခွန်းတွေမေးမိတယ် ဇိမ်ခံကားကြီးစီးပြီး ဒီလောက်ပိုက်ဆံချမ်းသာတာ ဘာလို့ Grab တက္ကစီ မောင်းနေတာလဲပေါ့။
သူကပြန်ဖြေတယ် “ကျွန်တော်က ကျွန်တော်ပိုင်ဆိုင်တဲ့ ဘယ်အရာနဲ့မဆို ပိုက်ဆံရှာလိုရမယ်ဆိုရင် ပိုက်ဆံရအောင် အကုန်လုပ်တယ်” တဲ့။
 
 
အခုလက်ရှိ Grab မောင်းတာအပြင် ဘာအလုပ် လုပ်နေသလဲလို့ ကျွန်တော်က ဆက်မေးတယ်၊ Application Project လေးတစ်ခုကို လုပ်နေတယ်တဲ့၊ ဒါပေမဲ့ အခုအချိန်မှာ အဲဒီကနေ သူ့အတွက် ဝင်ငွေမရသေးလို့ အလုပ်သိပ်မဖြစ်သေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီကြားထဲမှာ အချိန်ရရင် ရသလို Grab ဆွဲနေတာပါတဲ့။
 
ဒီလူငယ်နဲ့စကားပြောပြီး ကျွန်တော် အရမ်းသဘောကျသွားတယ် အလုပ်အကိုင်မရှိဘူးလို့ ပြောတဲ့သူတွေ အလုပ်မလုပ်ချင်တဲ့လူတွေကို ကြည့်စေချင်တယ်၊ တကယ်တော့ အခွင့်အရေးဆိုတာ ကိုယ့်ရဲ့အနီးအနားမှာပဲ ရှိနေတာပါ။ လူတွေက တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘာမှတောင် မစရသေးဘူး၊ အဟန့်အတားတွေ အခက်အခဲတွေကိုတွေးပြီး အကြောင်းပြနေကြတာကြောင့် အလုပ်မဖြစ်ပဲ အချိန်တွေကုန်သွားတာမျိုးတွေ မဖြစ်ပါစေနဲ့” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
 
ဒီပို့စ်ကို ရေးတင်ပြီးသွားပြီး ခဏလေးအတွင်းမှာပဲ ကွန်မန့်ဝင်ရေးသူ ၁၉,၀၀၀ ကျော်နဲ့ ပြန်လည်ဝေမျှသူ ၁၀,၀၀၀ ကျော်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။
ကွန်မန့် ဝင်ပေးကြသူတွေရဲ့အမြင် တော်တော်များများကလည်း အချိန်တွေ အလဟာသ မဖြစ်စေဘဲ အပိုငွေရအောင် ကြိုးစားတဲ့ လူငယ်တစ်ဦးရဲ့ အတွေးအခေါ်ကို ချီးမွှမ်းစကားတွေ ပြောခဲ့ကြတာ များပါတယ်။ တချို့တွေကလည်း သူတို့ကြုံတွေ့ဖူးတဲ့ အလားတူအတွေ့အကြုံလေးတွေကို ဓါတ်ပုံတွေ တင်ထားလည်း တွေ့ရပါတယ်။
 
 
ဒီပို့စ်လေးကို ထိုင်းလူမျိုးတစ်ဦးက ဇန်နဝါရီ ၂၄ ရက်နေ့က တင်ထားခဲ့တာဖြစ်ပြီး အခုချိန်ထိ ကွန်မန့်ပေါင်း 1.7K နဲ့ ပြန်လည်ဝေမျှမှု 10K ကျော်ရှိနေတာကို မြင်တွေ့ရပါတယ်။


Follow us on