1. Home
  2. Special or Others

အသက်မပြည့်သည့်မိန်းကလေးများကို တရားဝင်အဓ္ဓမပြုကျင့်နိုင်မည့် ဥပဒေ တူရကီ မိတ်ဆက်

Special or Others ม.ค. 24, 2563 view 2,056

အမျိုးသားများအနေနဲ့ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို အဓ္ဓမပြုကျင့်ပြီးနောက် လက်ထပ်ယူမယ်ဆိုရင် အပြစ်ဒဏ်မှ ကင်းလွတ်မည့်  ဥပဒေတစ်ရပ်ကို တူရကီနိုင်ငံရဲ့ လွှတ်တော်မှာ မိတ်ဆက် တင်သွင်းလိုက်ပါတယ်။ ယင်းဥပဒေသစ်ကို လာမယ့် ဇန်နဝါရီလကုန်ပိုင်းမှာ ဥပဒေရေးဆွဲသူတွေက မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တူရကီနိုင်ငံရဲ့ ပြည်သူ့ဒီမိုကရက်ပါတီ ကတော့ ဒီဥပဒေသစ်ဟာ အသက်မပြည့်သေးတဲ့ ကလေးနဲ့ လက်ထပ်ထိန်းမြားခြင်းကို တရားဝင်ခွင့်ပြုရာရောက်ပြီး အသက်မပြည့်သေးသူကို အဓ္ဓမပြုကျင့်ခွင့် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေပြီး ကလေးငယ်တွေ လိင်ပိုင်ဆိုင်ရာ ကျူးလွန်ခံရမှုတွေ များလာနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

တန်းတူညီမျှမှုရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ Suad Abu-Dayyeh က “အခုလို ဖိနှိပ်ဖို့ကြိုးစားတဲ့ ဥပဒေကို ဆန့်ကျင်တဲ့ အမျိုးသမီးလှုပ်ရှားဆောင်ရွက်သူတွေကို ကျွန်တော့်အနေနဲ့ လက်ခုတ်သြဘာပေးပါတယ်၊ ဒီဥပဒေဟာ ခေတ်နောက်ပြန်ဆွဲပြီး လက်ရှိ မိန်းကလေးတွေအပေါ် ကာကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြန်ခွာယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်” လို့ The Independent သတင်းဌါနကို ပြောကြားခဲ့သည်။

အခုလိုမျိုး မုဒိန်းကောင်ကို ပြန်ပြီးလက်ထပ်ရတဲ့ ဥပေဒမျိုးကို အရှေ့အလယ်ပိုင်းတစ်လျှောက် နိုင်ငံတွေနဲ့ မြောက်အာဖရိကတို့မှာ တရားဝင် လက်စွဲစာအုပ်ကြီးအဖြစ် ကျင့်သုံးနေကြပါတယ်။

မကြာသေးခင်နှစ်တွေမှာ အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ မိုရော့ကို၊ တူနီးရှားနဲ့ ပါလစ္စတိုင်း နိုင်ငံတွေမှာ အခုလို နှိပ်ကွပ်တဲ့ဥပဒေတွေကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများ၊ ဥပဒေရေးဆွဲသူတွေကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

အခုလိုမျိုး အမျိုးသမီးအခွင့်အရေးနဲ့ လုံခြုံရေးကို ထိပါးတဲ့ ဥပဒေမျိုးကို တူရကီ ဥပဒေရေးဆွဲသူတွေအနေနဲ့ စဉ်းစားချင့်ချိန်သင့်ပြီး ဖိုမခွဲခြားဆက်ဆံဖိနှိပ်တဲ့ ဥပဒေတွေကို ပြန်ရုပ်သိမ်းသင့်ကြောင်း Suad Abu-Dayyeh က ဆိုပါတယ်။

၂၀၁၈ ခုနှစ် တူရကီအစိုးရက ထုတ်ပြန်တဲ့ စီရင်ခံစာမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၄၈၂,၉၀၈ ဟာ အသက်မပြည့်သေးပဲ အိမ်ထောင်ပြုခဲ့ရတယ်လို့ သိရသည်။ တူရကီနိုင်ငံမှာ တရားဝင်လက်ထပ်ခွင့်ပြုထားသည့် အသက်မှာ ၁၈ နှစ်ဖြစ်သည်။ တူရကီနိုင်ငံမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုများ ပျံ့နှံ့လျှက်ရှိပြီး ယူနိုက်တက်နေရှင်ရဲ့ စစ်တမ်းအရ ၃၈% သော တူရကီအမျိုးသမီးတွေဟာ ကိုယ်ထိလက်ရောက်နဲ့ လိင်အကြမ်းဖက်ခံရမှုကို သူတို့ရဲ့ အိမ်ထောင်ဖက်တွေက ကျူးလွန်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က အမျိုးသားနဲ့ အမျိုးသမီးတွေကြား တန်းတူညီမျှရေး ဆိုတာဟာ သဘာဝကိုဆန့်ကျင်တာဖြစ်ကြောင်း ၂၀၁၄ ခုနှစ်က အီစတန်ဘူလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း အဓ္ဓမပြုကျင့်ခဲ့သူကို လက်ထပ်ရေး ဥပဒေကို တူရကီမှာ ပြဌါန်းဖို့ ကြိုးစားပေမယ့် ပယ်ချနိုင်ခဲ့ပါတယ်။ အတင်းအကြပ် သို့မဟုတ် ခြိမ်းခြောက်ခြင်း တစ်ခုမှမရှိပဲ ကာမရယူခဲ့တဲ့ အမျိုးသားတွေ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေရေးဆွဲထားပါတယ်။



Follow us on