1. Home
  2. Movie Stars - Celebrity

မိုက်ကယ်လ်ဂျက်ဆင် သေသွားပြီဆိုတာ ယုံဖို့ခက်ပြီ (ရုပ်သံ)

Movie Stars - Celebrity ม.ค. 23, 2563 view 1,725

“King of The Pop” ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်လ်ဂျက်ဆင် ကွယ်လွန်ခဲ့တာ လာမယ့် ၂၀၂၀ ဇွန်လ ၂၅ ရက်နေ့ဆိုရင် (၁၁)နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးပရိသတ်တွေရဲ့ ရင်ထဲမှာတော့ သူဟာဘယ်တော့မှ မသေဆုံးခဲ့ပါဘူး။ သူ့ရဲ့သီးချင်းတွေ MTV တွေကို ကြည့်ရှုလိုက်တိုင်းမှာ ကြက်သီးတွေဖျန်းကနဲ နွေးသွားအောင် ရှင်သန်နေဆဲပါ။

ဒီလိုမျိုး အနုပညာရှင်တစ်ယောက်ကို အသက်ရှင်ရက်နဲ့ ပြန်တွေ့ကြရမယ်ဆိုရင် ပရိသတ်တွေ ဘယ်လောက်တောင်များ ပျော်လိုက်ကြမလဲဆိုတာ တွေ့ကြည့်စရာပင်မလိုပါ။ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ပရိသတ်တွေအတွက် အလွမ်းဖြေစရာ အနုပညာရှင်တစ်ယောက် မကြာသေးမီ နှစ်အနည်းငယ်က ပေါ်လာခဲ့ပါတယ်။ အသံရော ရုပ်ရည်ပါ တထေရာတည်းနီးပါး ထပ်တူကျရုံသာမက မိုက်ကယ်လ်ဂျက်ဆင်ရဲ့ ကကွက်တွေကိုလည်း တစ်ကွက်မမှားပဲ ကိုယ်တိုင်သီချင်းဆိုရင်း ကပြနိုင်တဲ့ အဆိုရှင်တစ်ယောက်ဖြစ်ပါတယ်။

အီတလီနိုင်ငံက Sergio Cortés ဆိုသူဟာ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ သီချင်းတွေကို ပြန်လည်သီဆိုရင်း ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတွေ လုပ်နိုင်လာတဲ့အထိ ပရိသတ်အားပေးမှုတွေ ရနေပါတယ်။ သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းဟာ မိုက်ကယ်ရဲ့ အရူးအမူးပရိသတ်တွေ ဖြစ်မယ်ဆိုတာ ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။

Sergio Cortés က ပြီးခဲ့တဲ့ တနင်္လာနေ့ ဇန်နဝါရီ ၂၀ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ပြုပ်လုပ်မယ့် သူ့ရဲ့ဂီတဖျော်ဖြေပွဲကို လာအားပေးကြဖို့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ဖိတ်လိုက်ပါတယ်။ ဖျော်ဖြေပွဲကို ၂၀၂၀ မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Sergio Cortés ရဲ့ ဖျော်ဖြေရေးရုပ်သံကို ကြည့်ပြီးရင် Michael Jackson နဲ့ ဘယ်လောက်တူသလဲဆိုတာ ဝေဖန်ပေးခဲ့ကြပါဦး။



Follow us on