နာမည်ကြီးတေးသံရှင် အဆိုတော်အောင်ရင်ရဲ့သားဖြစ်သူ၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ နာမည်တစ်ခုရရှိထားတဲ့ မိုးအောင်ရင်ကတော့ လွန်ခဲ့တဲ့နှစ်တွေက မူးယစ်ဆေးမှုနဲ့ အချိန်အတော်ကြာအချုပ်ကျနေခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ မိုးအောင်ရင်ကတော့ မူးယစ်ဆေးမှုနဲ့ထောင်ကထွက်လာတာမှမကြာ ကာမလိမ်လည်ရယူမှုဖြင့် ရည်စားဟောင်းဖြစ်သူရဲ့ ထပ်မံတရားစွဲဆိုခြင်းကို ခံထားရပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
မိုးအောင်ရင်ဟာ ချစ်သူဖြစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက်မှာ ယခုလိုပဲ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ကာမလိမ်လည်ရယူမှုဖြင့် နိုဝင်ဘာလ (၂၂) ရက်နေ့က ရန်ကင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားပြီး မိုးအောင်ရင်ကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရုံးချိန်းကိုတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလ (၆) ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်ရုံးချိန်းမှာတော့ မိုးအောင်ရင်က သိန်း (၁၀၀) ဖြင့် အာမခံရရှိသွားခဲ့ပါတယ်။
ယနေ့ ဇန်နဝါရီလ (၇) ရက်နေ့မှာတော့ တတိယမြောက်ရုံးချိန်းကိုပြုလုပ်ခဲ့ပြီး တရားလိုဖြစ်သူ မခင်မြတ်နိုးနဲ့ တရားခံဖြစ်သူ မိုးအောင်ရင်နှင့်အတူ ဖခင်ဖြစ်သူ ဦးအောင်ရင်ပါ တရားရုံးကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ယနေ့ရုံးချိန်းမှာတော့ မိုးအောင်ရင်ရဲ့အမှုအတွက် မှုခင်းစီမံခန့်ခွဲမှုအစည်အဝေးကိုပြုလုပ်ခဲ့ပြီး ရိုးရှင်းတဲ့အမှုလို့သတ်မှတ်တာကြောင့် ရက်ပေါင်း (၁၈၀)၊ ၆ လအတွင်း အပြီးသတ်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး အမှုပြီးဆုံးမယ့်နေ့ကိုတော့ ဧပြီလ (၂၂) ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်းကို ရန်ကင်းမြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိက မီဒီယာတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
မိုးအောင်ရင်ဟာ ကာမလိမ်လည်ရယူမှု ဥပဒေပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်မျိုးစလုံးဖြစ်စေချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားတယ်လို့ သိရပါတယ်။ အများပြည်သူပရိသတ်တွေကတော့ မိုးအောင်ရင်ဘက်က ရပ်တည်ကြသူတွေလဲရှိသလို၊ နစ်နာသူမိန်းကလေးဘက်က ရပ်တည်နေကြသူတွေလဲရှိပါတယ်။ အမှုအခြေအနေဘယ်လိုဖြစ်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြပါဦးစို့လား….
Photos_Pan Pwint
(ပိုပိုလေး)
comment