လက်ရှိမြန်မာ့အနုပညာလောကထဲမှာ ပရိသတ်အများဆုံး၊ အောင်မြင်ကျော်ကြားမှုအများဆုံးနဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးစာရင်းထဲက နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ သရုပ်ဆောင်မင်းသမီးဖွေးဖွေးကတော့ ကျရာနေရာ ဇာတ်ရုပ်ကာရိုက်တာကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်သူဖြစ်တာကြောင့် အကယ်ဒမီဆု (၃) ဆုတိတိကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းသူဖြစ်တာကြောင့် ယောကျာ်း၊ မိန်းမမဆို ပရိသတ်ထုကြီးက သူမကိုအခိုင်အမာဝန်းရံအားပေးနေကြတာပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အနုပညာအလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင်ရင်း ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းနေသူဖြစ်ပြီး ဖြူစင်ပွင့်လင်းတဲ့ စိတ်ထားလေးရှိတဲ့ ဖွေးဖွေးကတော့ အလှူအတန်းတွေကိုလဲ မကြာခဏဆိုသလိုပြုလုပ်လေ့ရှိသူပါ။ လတ်တလောမှာလဲ သူမက ပြည်သူ့ရင်ပြင်မှာကျင်းပပြုလုပ်နေတဲ့ နှစ်ဦးတရားအလှူတော်ပွဲကြီးတွင် အိမ်လုပ် Sandwich မုန့်များဖြင့် တရားလာနာကြတဲ့ ဧည့်ပရိသတ်တွေကို မုန့်အလှူဒါနပြုလုပ်ခဲ့ပါတယ်။
မနေ့ညကပြုလုပ်တဲ့ ဒုတိယညတရားပွဲတွင် ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ
ဘိဝံသ မှ တရားတော်ဟောကြားခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လဲ ပါဝင်တရားနာခဲ့ပါတယ်။ တီဗွီထဲကနေသာ အမြဲမြင်တွေ့ခဲ့ရတဲ့ဆရာတော်ကို အပြင်မှာပထမဆုံးအကြိမ် ဖူးမြော်ခွင့်ရခဲ့တာကြောင့် ဖွေးစိန်တစ်ယောက် အရမ်းကိုကြည်နူးပီတိဖြစ်နေပြီး ဆရာတော်ဟောကြားလိုက်သမျှ တရားပွဲကရလာတဲ့ မက်ဆေ့ချ်လေးတစ်ခုကိုလဲ ယခုလိုပဲပြန်လည်ဝေမျှထားပါသေးတယ်။
“ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသကို ဘဝမှာပထမဆုံးအကြိမ် တီဗွီထဲကမဟုတ်ပဲအပြင်မှာ ဖူးခွင့်ရခဲ့ပါတယ်ရှင့်.. ဆရာတော်ဘုရားဟောပေးခဲ့တာတွေထဲမှ ကိုယ်နားလည်သလို ပြန်ပြောရမယ်ဆိုရင်တော့ အသင်းအဖွဲ့တခု နိုင်ငံတခုရဲ့အစိတ်အပိုင်းဘယ်ကဏ္ဍကမဆိုအသီးသီးဟာ ခန္ဓါကိုယ်အစိတ်အပိုင်းတခုချင်းစီလိုပဲ အားလုံး Equally Important ပါတဲ့.. ဥပမာပုံပြင်လေးတခုလဲပြောသွားတာ အရမ်းမှတ်မိသွားပါတယ်.. ဆရာတော်ဟောကြားပေးတဲ့အတိုင်းအတိအကျမဟုတ်ပေမယ့် ဖွေးနားလည်သလိုလေးပြန်ဝေမျှချင်ပါတယ်…
လူတယောက်မှာအစာအိမ်ဟာ အစားတွေကိုလက်ခံတဲ့အလုပ်လုပ်ပါတယ်... အဲ့အချိန်မှာမျက်စိက အစားကိုအရင်မြင်ပေးရသလို ခြေထောက်အစုံကအစာစီရောက်အောင်သွားပေးရတယ်။ အစာနား ရောက်တဲ့ချိန်မှာတော့ လက်ကယူပေးပြီး ပါးစပ်ကဝါးစားပေးရပါတယ်... နောက်ဆုံးအစာများကို အစာအိမ်ကလက်ခံပေးပါတယ်.. တနေ့မှာတော့ ခန္ဓါကိုယ်အစိတ်အပိုင်းအချင်းချင်းမသင့်မြတ်တာတွေအငြင်းပွားစရာတွေဖြစ်လာပါတယ်တဲ့။ မျက်စိကလဲငါက အစာကိုမြင်အောင်သာရှာပေးရတယ် ဒါပေမဲ့စားလဲမစားရဘူးတဲ့။ အစာအိမ်ကပဲဝိုက်သွားတယ်တဲ့။ ခြေထောက်တွေ လက်တွေပါးစပ်တွေကလည်း ငါတို့ ကကျတော့ အစာရှိရာနေရာကို သွားပေး ယူပေးရပြီး နောက်ဆုံးတော့ အစာအိမ်ဆိုတဲ့ကောင်ကပဲ အစားတွေစားစားရတယ်ပေါ့ မကျေနပ်ကြတော့ပဲ... မျက်စိကလဲ အစာမရှာပေးတော့ဘူး.. ခြေထောက်ကလဲအစားရှိရာမသွားပေးတော့ဘူးတဲ့.. အချိန်တွေကြာလာတော့ အစာအိမ်လေးက အစားမစားမဝင်ရတော့ လူ့ခန္ဓါတခုလုံး အားအင်ချိနဲ့လဲပြိုချင်လာတော့တယ်တဲ့။
မျက်စိ ကလဲဝေဝါးလာ ခြေထောက်အစုံကလဲထောက်ဖို့လှမ်းဖို့တောင်အားနည်းလာတော့မှ သူတို့ရဲ့အမှားစိတ်ကို အမြင်မှန်ရသွားကြတော့တယ်တဲ့.. ပါချုပ်ဆရာတော်ဘုရားရဲ့ အချင်းချင်း Teamwork ကောင်းဖို့ အချင်းချင်းအငြင်းမပွား အမုန်းမပွားပဲ ကိုယ့်ရရှိတဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ကျေပြီး ညီညွတ်စေချင်တဲ့ စေတနာတရားကို ခံစားလိုက်ရတာပါပဲ... ဒီနိုင်ငံဟာ "လူ့ခန္ဓာ" ဖြစ်ခဲ့ရင် ... ခန္ဓာကိုယ်အစိတ်အပိုင်းတခုချင်းစီ အားလုံးဟာလည်း” ဆိုပြီးရေးရင်း တရားပွဲကပုံလေးတွေကိုပါ မျှဝေထားတာပါ။
ကျေးလက်တောရွာက လုံမပျိုလေးလို ချစ်စရာကောင်းပြီးလှနေတဲ့ ဖွေးစိန်လေးရဲ့ပုံရိပ်တွေကိုပါ ဖော်ပြပေးလိုက်ပါတယ်…
ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)
(ပိုပိုလေး)
comment