1. Home
  2. Movie Stars - Celebrity

အမေစုရဲ့ အေးချမ်းတဲ့အပြုံးလေးကို လက်မှာတက်တူးထိုးလိုက်တဲ့ Project K အဖွဲ့ဝင် William Tun

Movie Stars - Celebrity ธ.ค. 23, 2562 view 2,331

ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ရာမှ လူသိများကာ နှုတ်ခမ်းနီမလေးတွေက သဲသဲလှုပ်ဝန်းရံအားပေးနေကြပြီး ခေတ်လူငယ်တွေအကြိုက် အသဲစွဲအဆိုတော်အဖွဲ့ဖြစ်လာတဲ့ Project K အဖွဲ့ကတော့ KPop ဆယ်လီတွေလို့ထင်ရအောင် ကိုရီးယားဆန်တဲ့ ဝတ်စားပြင်ဆင်ခြယ်သမှုတွေနဲ့  တင်ဆက်မှုပုံစံတို့ကြောင့် ယခုခေတ်လူငယ်တွေကြားမှာတော့ အတော်လေးရေပန်းစားလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ၇ ယောက်နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Project အဖွဲ့ကတော့ The Beginning ဆိုတဲ့ သီချင်းအယ်လ်ဘမ်ကိုထွက်ရှိထားပြီး ပရိသတ်ရဲ့အားပေးမှုတွေကို ရရှိခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုထဲမှာမှ မိန်းကလေးပရိသတ်တွေကို တစ်ထောင့်တစ်နေရာကနေ ဖမ်းစားထားနိုင်တဲ့ Project K အဖွဲ့ဝင် William Tun ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အေးချမ်းလှတဲ့အပြုံးလေးတစ်ပွင့်နဲ့အတူ အမေစုရဲ့လက်မှတ်ကို သူ့ရဲ့လက်မှာတက်တူးရေးထိုးခဲ့ပါတယ်။

ICJ တရားရုံးမှာ သွားရောက်တရားရင်ဆိုင်ခဲ့စဉ်က ထွက်ပေါ်လာခဲ့တဲ့ အမေစုရဲ့အပြုံးလေးတစ်ပွင့်၊ ထိုအပြုံးလေးကြောင့်ပဲ မြန်မာပြည်က လူသန်းပေါင်း ၆၀ လောက် စိတ်အေးချမ်းသာခဲ့ရပြီး အမေစုရဲ့အပြုံးပုံရိပ်လေးကို အားလုံးကချစ်မ၀ဖြစ်ခဲ့ကြတာပါ။ ထို့အတူ William Tun ကလဲ အေးချမ်းမှုတွေကိုဆောင်ကျဉ်းပေးခဲ့တဲ့ အမေစုရဲ့အပြုံးပုံရိပ်လေးကိုမြင်ပြီး Tatto ထိုးချင်စိတ်တွေဖြစ်ပေါ်ခဲ့တာကြောင့် သူ့ရဲ့ဘယ်ဖက်လက်မှာ တက်တူးရေးထိုးခဲ့တာဖြစ်ပါတယ်။

ထိုအကြောင်းကိုတော့ William Tun က “အပြုံးလေးတစ်ပွင့်တည်းနဲ့ လူပေါင်း သန်း ၆၀ လုံးအေးချမ်းသွားတယ်တဲ့" 13th Dec 2019 ရက်နေ့ အဲ့ဒီပုံလေးမြင်ပြီးကတည်းက Tattoo ထိုးချင်စိတ်များပြင်းပြစွာဖြစ်ပေါ်လာသည်ကိုထိန်းမရပါ။ (လက်မှတ်ကိုတော့ ဗိုလ်ချုပ်ရဲ့ (၁၀၂) နှစ်ပြည့်မွေးနေ့မှာ အင်းလေးဖောင်တော်ဦးဘုရားပေါ်က သူမရဲ့ဆုတောင်းစာလေးအတိုင်းတစ်ပုံတစ်စံတည်းထိုးထားပါတယ်။ ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းပါစေ” ဆိုပြီး ရေးသားခဲ့ပါတယ်။

အမေစုရဲ့ပုံလေးကို သေရာပါတက်တူးထိုးခဲ့တဲ့ ဝီလျှံရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်….

(ပိုပိုလေး)



Follow us on