ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကတော့ လူစိတ်ဝင်စားမှုအမြင့်ဆုံးအချိန်ကို ရောက်ရှိလို့လာပါပြီ။ ပြိုင်ပွဲဝင် ၁၁ ယောက်မှာ တစ်ပတ်တစ်ယောက်နဲ့ အိမ်ပြန်သွားခဲ့တာ ယခုဆိုရင် ပြိုင်ပွဲဝင်လေးဦးသာကျန်ရှိတော့တဲ့အချိန်ဖြစ်လို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးအချိန်လဲဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ပြိုင်ပွဲဝင်တွေကလဲ ပင်ကိုအရည်အချင်းပြည့်မီသူတွေဖြစ်ပြီး အကုန်လုံးကကောင်းလွန်းလို့ ဘယ်သူကတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ်၊ ဘယ်သူကတော့ အိမ်ပြန်ဖို့ကျန်ရစ်ခဲ့ရမယ်ဆိုတာက အတော်လေးကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချိန်တစ်ခုပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
မနေ့ညက ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ (၈) ပတ်မြောက်မှာတော့ ပြိုင်ပွဲဝင်တွေဟာ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အတွက် ❝ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း❞ နဲ့ ❝စိတ်ခွန်အားဖြစ်စေသောအကျိုးပြုသီချင်း❞ နှစ်ပုဒ်ကို အသီးသီးယှဉ်ပြိုင်သီဆိုခဲ့ကြတာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ Top 4 ပြိုင်ပွဲဝင်လေးဦးကလဲ အကောင်းဆုံးသီဆိုယှဉ်ပြိုင်ခဲ့ကြပြီး Wild Card နဲ့ ပြန်ရောက်လာခဲ့တဲ့ တန်ခွန်ကျော်ကလဲ ပရိသတ်တွေ Vote ပေးရကျိုးနပ်အောင် သူ့ရဲ့အရည်အချင်းတွေကိုထုတ်ပြပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။
မနေ့ညက သီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်တွေအားလုံးထဲ အေးမြဖြူဟာ အကောင်းဆုံးဖြစ်ခဲ့ပြီး တေးသီချင်းနှစ်ပုဒ်လုံးကို ကြက်သီးထစရာကောင်းလောက်အောင် သီဆိုသွားခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် အပတ်တိုင်းမှာအကောင်းဆုံးရလဒ်တွေသာရပြီး ပရိသတ်အားပေးမှုအများဆုံးပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အက်စတာကတော့ မနေ့ညကသီဆိုယှဉ်ပြိုင်မှုမှာ အနည်းငယ်အမှားအယွင်းဖြစ်ခဲ့ပါတယ်။
မြန်မာသံစဉ်သီချင်းတွေနဲ့ ဝေးကွာနေတာ (၁၀) နှစ်လောက်ရှိပြီဆိုတဲ့ အက်စတာဟာ ‘မြင့်မိုရ်ထက်မြင့်သော’ သီချင်းသီဆိုစဉ် အစပိုင်းမှာ အနည်းငယ်လွဲချော်မှုတွေဖြစ်ခဲ့တာပါ။ အမှားအယွင်းဖြစ်သွားပေမယ့် သီချင်းသီဆိုတာကို ရပ်တန့်မသွားပဲ တုန်လှုပ်ခြောက်ခြားမှုကင်းစွာနဲ့ ဟန်မပျက် ဆက်ပြီးကြိုးစားသီဆိုယှဉ်ပြိုင်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုအဆင့်မျိုးမှာ အမှားအယွင်းဆိုတာဟာ မရှိသင့်တော့တဲ့အချိန်မို့ အက်စတာရဲ့လွဲချော်သွားမှုဟာ သူမပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်နေခဲ့ပါတယ်။
အလွဲအချော်တွေဖြစ်သွားပေမယ့်လည်း အက်စတာကတော့ ဒိုင်တွေရဲ့မှတ်ချက်ကောင်းကိုသာရရှိခဲ့ပါတယ်။ မဖြူက အမှားအယွင်းဖြစ်သွားခဲ့ပေမယ့် ဟန်မပျက်ပဲ သီချင်းကိုအပြီးထိ အကောင်းဆုံးသီဆိုယှဉ်ပြိုင်သွားနိုင်တာကြောင့် ချီးမွမ်းစကားဆိုခဲ့ပြီး ဦးလတ်ကလဲ အဆိုတော်တိုင်းဟာ အမှားဖြစ်ဖူးတယ်၊ အမှားအယွင်းမရှိဘူးတဲ့ အဆိုတော်ရှိရင် ခေါ်လာခဲ့ဆိုပြီး ကိုယ်တိုင်လဲ အမှားအယွင်းတွေဖြစ်ခဲ့ဖူးကြောင်း ဥပမာပြရင်း အားပေးစကားပြောကြားသွားခဲ့ပါတယ်။ မတင်ဇာမော်ကတော့ ဒိုင်နှစ်ယောက်ရဲ့စကားကိုထောက်ခံကာ စိတ်ဓာတ်မကျဖို့နဲ့ ကံကောင်းစေဖို့ ဆုတောင်းပေးသွားပါတယ်။
ပရိသတ်ကြီးရေ အပတ်တိုင်းမှာ အကောင်းဆုံးပုံစံနဲ့သီဆိုယှဉ်ပြိုင်နေကြ အက်စတာကတော့ ယခုလိုအဆင့်မျိုးမှ အမှားအယွင်းဖြစ်ခဲ့တာဟာ အတော်လေးထိတ်လန့်စရာပါ။ ယနေ့ညကျင်းပမယ့် Result show မှာ အက်စတာတစ်ယောက် နောက်တစ်ဆင့်ကို အကောင်းဆုံးတက်လှမ်းနိုင်မလား၊ ဒီအမှားကြောင့်ပဲ မြန်မာအိုင်ဒေါကို နှုတ်ဆက်ထွက်ခွာပြီး အိမ်ပြန်ရမလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါ။
ပရိသတ်ကြီးအတွက် မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ အက်စတာရဲ့သီဆိုမှုကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ဒိုင်တွေရဲ့အဆုံးအဖြတ်မဟုတ်ပဲ ပရိသတ် Voting နဲ့သာသွားတဲ့ မြန်မာအိုင်ဒေါမှာ ယနေ့ည Result show မှာ ဘယ်သူကအိမ်ပြန်ရမလဲဆိုတာ ခန့်မှန်းကြည့်သွားကြပါဦး။
Photos_Cele gabar
(ပိုပိုလေး)
comment