1. Home
  2. Special or Others

ကစားကွင်းရှိ ရဟတ်ပေါ်ကနေ လူတွေအပြုံလိုက်လွင့်စင်ကျ (ရုပ်သံ)

Special or Others ธ.ค. 02, 2562 view 1,666

ပွင့်လင်းရာသီကို ရောက်လာပြီဖြစ်လို့ ဘုရားပွဲဈေးတန်းတွေက မြို့တိုင်းနယ်တိုင်းမှာ စတင်နေကြပါပြီ။ ဒီလိုပွဲဈေးတန်းတွေမှာ မပါမဖြစ်တာက အပျော်စီး ချားရဟတ်တွေ၊ ပင်လယ်ဓားပြလှေကြီးတွေ အစရှိတဲ့ စိတ်လှုပ်ရှားစရာ အရသာတွေခံစားရစေမယ့် ယာဉ်ရဟတ်တွေဖြစ်ပါတယ်။

ဒီလိုမျိုးရဟတ်တွေဟာ အသက်အန္တရာယ်ရှိတာမို့ အများပြည်သူတွေ မစီးခင်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ လုံခြုံမှု၊ ကြံခိုင်မှု၊ အန္တရာယ်ကင်းရှင်းမှုတွေကို စစ်ဆေးပြီးမှ ခွင့်ပြုသင့်ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ကစားကွင်းတစ်ခုမှာ ရဟတ်မတော်တဆမှုကြောင့် လူတွေ လိုက်ပါစီးနင်းနေချိန် ရဟတ်ပေါ်ကနေ အပြုံလိုက် လွင့်စင်ခဲ့ကြတာကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေသေချာချာ မစစ်ဆေးခဲ့တာကြောင့် ခါးပတ်ကြိုးတွေ ပြုတ်ထွက်ပြီး လူတွေ လွင့်စင်ကျခဲ့ရတာဖြစ်ပါတယ်။

ဒီအဖြစ်ပျက်ကြောင့် သက်ဆိုင်ရာက ရဟတ်မောင်းနှင်ခွင့်ကို ချက်ခြင်း ရုပ်သိမ်းခဲ့ပါတယ်။ ရဟတ်ပေါ်က ပြုတ်ကျခဲ့သူတွေရဲ့ အသေအပျောက် ဒဏ်ရာရရှိမှုအခြေအနေတွေကိုတော့ ရှင်းလင်းစွာ မသိရှိရပါ။



Follow us on