1. Home
  2. Movie Stars - Celebrity

မသေခင် နောက်ဆုံးအချိန်လေးမှာ သူငယ်ချင်းဆီ ပို့ဖြစ်ခဲ့တဲ့ ဂူဟားရဲ့ စာတစ်စောင်

Movie Stars - Celebrity พ.ย. 29, 2562 view 1,646

တောင်ကိုးရီးယား အဆိုတော်၊ သရုပ်ဆောင် ဂူဟားရားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့၊ နေအိမ်မှာ တစ်ကိုယ်တည်း သေဆုံးနေခဲ့ပါတယ်။ ဂူဟားရားဟာ စိတ်ကျဝေဒနာ ရောဂါဝေဒနာကို ခံစားနေရသူ တစ်ဦးဖြစ်ပြီး ရည်းစားဟောင်းရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံဖူးသူတစ်ဦးသူ တစ်ဦးပဲဖြစ်ပါတယ်။

ဂူဟားရား သေဆုံးပြီးနောက် အနုပညာလောကက မိတ်ဆွေတွေနဲ့ သူငယ်ချင်း၊ မိသားစုတွေ စိတ်မကောင်းကြီးစွာ ယူကျုံးမရဖြစ်ခဲ့ကြပါတယ်။ မသေခင် နောက်ဆုံးပို့ခဲ့တဲ့ မက်ဆေ့ချ်တစ်စောင်ကို ဂူဟားရားရဲ့ သူငယ်ချင်း Han Seo Hee မှ လူမှုကွန်ယက်ကနေတစ်ဆင့် ပြောပြလာပါတယ်။

Han Seo Hee -ငါ ခဏနေ နင့်အိမ်ကို လာခဲ့မယ်

Hara - ငါနင့်ကိုလွမ်းတယ် Seo Hee ငိုချင်တယ် ငါနင်နဲ့ စကားပြောချင်တယ် ငါ့ကိုယ်ငါ သုံးစားမရတဲ့လူလို့ ခံစားနေရတယ် ငါ ဆေးသောက်ပြီး မနက်ဖြန် တစ်နေကုန် အိပ်နေမှာ အား…..ပြောနေရင် မျက်ရည်တွေ ကျလာပြီ

Han Seo Hee- မငိုပါနဲ့ ခဏနေ ငါရောက်လာရင် အဆင်ပြေသွားမှာပါ အားလုံး အဆင်ပြေသွားမှာပါ

ဆိုပြီး ရေးသားထားပါတယ်။

ဂူဟားရားတစ်ယောက် မသေခင်က သေချင်လောက်တဲထိ ခံစားခဲ့ရတဲ့ ဝေဒနာတွေက ဘယ်လောက် ထိအောင် ဆိုးခဲ့လဲဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်မကောင်းစရာဖြစ်လို့နေပါပြီ။ အခုအချိန်မှာတော့ တမလွန်မှာ အေးချမ်းစွာ အိပ်စက် အနားယူနိုင်မယ်လို့ပဲ မျှော်လင့်နေမိပါတယ်။

 

Ref:koreaboo

(ပိုပိုလေး)

 

 

 



Follow us on