တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာ ဆိုရင် အရှေ့ အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိ ပေါက်မြောက်အောင်မြင်တဲ့ Kpop idol Girl group တစ်ခုပဲဖြစ်ပါတယ်။ Blackpink ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ သီချင်း Kill This Love ကတည်း တန်သင့်သလောက် အောင်မြင်ခဲ့ပြီး အမေရိကန်နဲ့ ဥရောပတစ်ခွင် world tour (ကမ္ဘာလှည့် ဖျော်ဖြေမှု) တွေ ပြုလုပ်နိုင်တဲ့အထိ ပေါက်မြောက်အောင်မြင်လာခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မှာ Blackpink ရဲ့ အေဂျင်စီ YG Entertainment မှ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ “ရက် အတိအကျတော့ သတ်မှတ်ထားတာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ တစ်ခါမှ ဒီနှစ်အစောပိုင်းလောက်မှာ ထွက်ရှိလာဖို့ ရည်ရွယ်ထားပါတယ်။ Blackpink အဖွဲ့ဝင်တွေအားလုံး သူတို့ရဲ့ အယ်လ်ဘမ် အသစ်အတွက် သီချင်း တော်တော်များများကို စတူဒီယိုမှာ record သွင်းထားပြီးကြပါပြီ။” ဆိုပြီး ကြေညာချက်ထုတ်ပြန်လာပါတယ်။
ရှေ့မှာ Blackpink ထွက်ရှိခဲ့တဲ့ ‘Duu Du Duu Du’ , ‘Kill This Love’, ‘Stay’, ‘As if it’s your last’ , ‘Boombayah’ , ‘Whistle’ , ‘Playing with fire’ အစရှိတဲ့ သီချင်း အပုဒ်တိုင်း အပုဒ်တိုင်းက နာမည်ကြီးခဲ့တာကြောင့် အခု ထွက်ရှိလာမယ့် Blackpink ရဲ့ သီချင်းက ဘယ်လို ပုံစံမျိုးနဲ့ ထွက်ရှိလာမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
Ref:allkpop
(ပိုပိုလေး)