လှပပြီးပြည့်စုံတဲ့ မျက်နှာထားနဲ့ စူးရှတောက်ပတဲ့မျက်ဝန်းတစ်စုံကြောင့် တက်သစ်စမင်းသမီးဘ၀ထဲက ပရိသတ်တွေကသဲသဲလှုပ်ချစ်ခဲ့ရပြီး လက်ရှိမှာ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူ သင်ဇာဝင့်ကျော်ကတော့ အလှအပထွဋ်ခေါင် မင်းသမီးတစ်ယောက်ပါ။ သင်ဇာကတော့ ရုပ်ရည်ပိုင်းမှာလဲ ပြစ်မျိုးမှဲ့မထင် ချောမောလှပသူဖြစ်သလို ညှို့အားပြင်းတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကလဲ ပရိသတ်တွေကြားရေပန်းစားနာမည်ကြီးလွန်းပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ခေတ်ရှေ့ပြေးလွန်းတဲ့ Sexy ကျကျဖက်ရှင်တွေကို ဝတ်ပြီး သူမရဲ့အလှအပတို့ကို တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပြသနေတာကြောင့် ယောကျာ်းထုကြီးကသင်ဇာ့ကို အခိုင်အမာဝန်းရံနေကြပေမယ့် သင်ဇာ့ရဲ့ဝတ်ပုံစားပုံ နေထိုင်ပုံတွေကိုမကြိုက်နှစ်သက်တဲ့သူတွေကတော့ ကဲ့ရဲ့ပြစ်တင်စကားတွေနဲ့ ဝေဖန်တိုက်ခိုက်ကြပါတယ်။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းသာ ပြုမူနေထိုင်တတ်တဲ့သင်ဇာကတော့ ဝေဖန်သံတွေကိုစိတ်ထဲမထားပဲ သူမရဲ့ဘ၀ကို စိတ်တိုင်းကျဖြတ်သန်းနေတာဖြစ်ပါတယ်။
သင်ဇာကတော့ လက်ရှိမှာ အနုပညာသရုပ်ဆောင်အလုပ်ထက် ပွဲတက်မင်းသမီး ကြော်ငြာမင်းသမီးအဖြစ် ပိုမိုလုပ်ကိုင်လာတာကိုလဲတွေ့မြင်ရပါတယ်။ အချစ်ရေးအနေနဲ့ နိုင်ငံခြားသားချစ်သူနဲ့ ပြတ်စဲပြီးကတည်းက တစ်ကိုယ်တည်း Single အဖြစ်နဲ့ ချစ်သူမရှိပဲ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် လွတ်လပ်ပေါ့ပါးစွာဖြတ်သန်းနေတဲ့ သင်ဇာက သူမဘ၀ထဲကိုဝင်လာချင်တဲ့အမျိုးသားတွေအတွက် လိုအပ်တဲ့အချက်ကို ထုတ်ပြောလိုက်ပါတယ်။
သင်ဇာက သူမရဲ့ဘ၀ထဲကိုဝင်လာချင်ရင် အချက်နှစ်ချက်နဲ့ပြည့်စုံဖို့လိုကြောင်း ဥပမာပြပြောကြားလိုက်ပုံက “ကိုယ့်အဖေလို ချောပြီး ပညာထူးချွန်မှ ဘ၀ထဲဝင်ခဲ့ပါ” လို့ သူမချစ်ရတဲ့ အဖေဖြစ်သူရဲ့ငယ်ဘ၀ကပုံလေးတွနဲ့အတူ ဂုဏ်ယူစွာထုတ်ဖော်ပြောလိုက်တာပါ။
ကဲ မတ်မတ်သင်ဇာကိုအားပေးနေကြတဲ့ ယောကျာ်းထုကြီးရေ… မတ်မတ်ကတော့ သူ့ဘ၀ထဲကိုလာဖို့ လိုအပ်တဲ့အချက်တွေကို ပြောပြလိုက်ပြီမို့ သင်ဇာပြောတဲ့အချက်တွေနဲ့ကိုက်ညီလားဆိုတာ ဆန်းစစ်ကြည့်လိုက်တော့ဗျို့…
(ပိုပိုလေး)
comment