1. Home
  2. Movie Stars - Celebrity

ရိုက်ကွင်းမှာ မူးလဲပြီး ရုတ်တရက်သေဆုံးသွားတဲ့ တရုတ်မင်းသား Godfrey Gao

Movie Stars - Celebrity พ.ย. 27, 2562 view 1,859

တရုတ်(ထိုင်ဝမ်ဖွား) ၊ ကနေဒီယန် မော်ဒယ်သရုပ်ဆောင် Godfrey Gao ဟာ Zhejiang ချန်နယ်ရုပ်သံလိုင်းကနေ ထုတ်လွှင့်တင်ဆက်ပြသနေတဲ့ Chase Me အားကစားရုပ်သံ အစီအစဉ်မှာ ပါဝင် ကစားရင်း ရုတ်တရက် မူးမေ့လဲကျသွားခဲ့ပါတယ်။

မေ့လဲသွားတဲ့ Godfrey Gao ကို Chase Me ရိုက်ကူးရေးအဖွဲ့သားတွေက နီးစပ်ရာဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် အသက်မမှီတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။

Taiwan News ဖော်ပြချက်အရ Gao ဆေးရုံရောက်ရောက်ချင်း ဆရာဝန်တွေက ၁၅ မိနစ်ခန့် CPR ပေးခဲ့တယ်လို့ သိရပါတယ်။ အသက်မမှီတော့တာကြောင့် ဆရာဝန်တွေ လက်လျော့လိုက်ရပြီး " ရုတ်တရက် နှလုံးအမောဖောက်ပြီး သေဆုံးသွားတာဖြစ်ကြောင်း" ဆေးမှတ်တမ်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

Godfrey Gao ဟာ လေ့ကျင့်ခန်းအားကစားလိုက်စားသူတစ်ဦးဖြစ်ပြီး ဘတ်စကတ်ဘောကစားတဲ့နေရာမှာ ထူးချွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၁ မှာ ကမ္ဘာကျော် နာမည်ကြီး ကုန်ပစ္စည်းအမှတ်တံဆိပ် Louis Vuitton (LV) ရဲ့ ပထမဆုံး အာရှသား အမျိုးသား မော်ဒယ်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။

ဟောလိဝုဒ်ရုပ်ရှင် The Mortal Instruments: City of Bones မှာ ပါဝင်သရုပ်ဆောင်ဖူးပြီး အနောက်နိုင်ငံတွေထိ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

တောက်ပတဲ့ ကြယ်တစ်ပွင့် အကြွေစောသွားတဲ့အတွက် ပရိတ်သတ်ကြီးနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါတယ်။

Ref:bbc

(ပိုပိုလေး)

 

 

 



Follow us on