မြန်မာပရိတ်သတ်တွေ ‘အွန်စော’ လို့ သိကြတဲ့ သရုပ်ဆောင် ‘ဆောင်းဟယ်ကျို’ ဟာဆိုရင် ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ ပရိတ်သတ်တွေအတွက် အသည်းဦးလို့ပြောလို့ရပါတယ်။ ဆောင်းဟယ်ကျို ဇာတ်ကားတစ်ကား ရိုက်လိုက်ရင် သုံးလေးနှစ်လောက် နားပြီးမှ နောက်တစ်ကား ပြန်ရိုက်လေ့ရှိပါတယ်။
လူကြိုက်များတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေသလို အမေရိကန်နဲ့ ပဲရစ်က နာမည်ကြီး ဖက်ရှုင်ရှိုး ပွဲတွေကိုလည်း ambassador (ကိုယ်စားလှယ်) တစ်ယောက်အနေနဲ့ တက်ရောက်နေရတာပဲဖြစ်ပါတယ်။
အခု ဒီပုံတွေကိုတော့ နာမည်ကျော် ကိုးရီးယား ကုန်ပစ္စည်းအမှတ်တံဆိပ် Suecomma Bonnie အတွက် ရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။
အနုပညာ သက်တမ်း ၂၃ နှစ်ရှိခဲ့ပြီဖြစ်တဲ့ အစ်မ Kyo ဟာ ဖက်ရှင်လောကမှာ ဆရာတစ်ဆူဆိုလည်း မမှားပါဘူး။ အလုပ်ကို ချစ်တဲ့ သူမ ၊ အလုပ်လုပ်ရတာ ကြိုက်နှစ်သက်တဲ့ သူမဟာ အချိန်တိုင်းလိုလို အလုပ်တွေနဲ့ လုံးချာလိုက်ရင်း အချိန်ကုန်နေတတ်တာ အမှန်ပါပဲ။ ဖက်ရှင်နဲ့ အနုပညာကို အခုလို ရူးသွပ်တာကြောင့်လည်း အနုပညာပြေးလမ်းပေါ်မှာ အောင်မြင်ခြင်း မှတ်တိုင်တစ်ခုကို သတ်သတ်မှတ်မှတ် စိုက်ထူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အလုပ်ကိုချစ်တဲ့ အစ်မ Kyo ၊ အလုပ်ကြိုးစားတတ်တဲ့ အစ်မ Kyo ဒီထက်မကတဲ့ အောင်မြင်ခြင်းမျိုးတွေနဲ့ ကြုံတွေ့ရဦးမှာပါ။
Ref:Kyo1122
(ပိုပိုလေး)