1. Home
  2. Movie Stars - Celebrity

ငယ်ငယ်က အလုပ်အရမ်းကြိုးစားတဲ့ ဂူဟားရားအကြောင်းပြောပြလာတဲ့ Jang Jae In

Movie Stars - Celebrity พ.ย. 27, 2562 view 1,539

KARA အဖွဲ့ဝင်ဟောင်း ဂူဟာရာ သေဆုံးတာနဲ့ ပတ်သတ်ပြီး အနုပညာရှင်များနှင့်တကွ ပရိတ်သတ်တွေပါ ပူဆွေးဝမ်းနည်းနေရပါတယ်။ ဂူဟားရား အသက် 17 နှစ်အရွယ်မှာ KARA အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့ပြီး ပရိတ်သတ် အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာပြေးလမ်းပေါ်မှာ  အောင်မြင်မှုဆိုတဲ့ အလံကို စိုက်ထူနိုင်ခဲ့တဲ့ သူမ၊ ငယ်ငယ်ကတည်းက အလုပ်ကြိုးစားလွန်းတဲ့ သူမ အကြောင်းကို အဆိုတော် Jang Jae In က ပြောပြလာပါတယ်။

“လူတွေ သိကြရဲ့လား

အဲ့အစ်မက ကျွန်မ မူလတန်းတက်နေတဲ့ အချိန်ကတည်းက အရမ်းနာမည်ကြီးတဲ့သူပေါ့

သူငယ်ချင်းနဲ့ အကသင်တန်း သွားတက်တုန်းက ကျွန်မ သူငယ်ချင်းပြလို့ သူ့ကို မြင်ဖူးတာ အရမ်းလှပြီး အကတော်တဲ့ မိန်းကလေးတစ်ယောက် ချွေးတွေထွက်နေတာတောင် မရပ်မနားလေ့ကျင့်နေတာကို မြင်ဖူးတယ်။

Dance Studio ထဲမှာ သူကလွဲပြီး ဘယ်သူ့ကိုမှ မမြင်နိုင်ခဲ့ဘူး။

ရှင်တို့သိကြလား အဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ အသက်ငယ်ငယ်ကောင်မလေးဟာ သူ့ခန္ဓာကိုယ် ပေါက်ထွက်သွားမတတ် နှလုံးခုန်သံတွေ ရပ်တန့်သွားမတတ် လေ့ကျင့်နေခဲ့တယ်ဆိုတာ” ဆိုပြီး သူမ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားလာပါတယ်။

ဂူဟားရားတစ်ယောက် အားလုံးရဲ့ ဆန္ဒမွန်တွေနဲ့အတူ တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 

 

 

 



Follow us on