1. Home
  2. Movie Stars - Celebrity

Jung Joon Young ချောင်းရိုက်ကင်မရာ အမှုကို ကူညီဖော်ထုတ်ပေးခဲ့ဖူးတဲ့ ဂူဟားရား

Movie Stars - Celebrity พ.ย. 26, 2562 view 1,622

ယခင် KARA အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ idol အဆိုတော် ဂူဟားရားဟာ အဆိုတော် Jung Joon Young ရဲ့ ချောင်းရိုက်ကင်မရာ အမှုမှန်ပေါ်ပေါက်စေဖို့ သတင်းထောက် Kang Kyung Yoon ကို ကူညီ ဖူးတယ်ဆိုတဲ့အကြောင်း Kang မှ ထုတ်ဖော်ပြောကြားလာပါတယ်။

သတင်းထောက် Kang Kyung Yoon ဟာ Jung Joon Young နဲ့ အဆိုတော်သူငယ်ချင်း အုပ်စု မိန်းကလေးတွေနဲ့ ဆက်ဆံထားတဲ့ ဗွီဒီယိုတွေ ရိုက်ကူးရယူပြီး အွန်လိုင်း group chat မှာ ဖြန့်ဖြူးခဲ့ပါတယ်။ အလိုမတူဘဲ ချောင်းရိုက်ကင်မရာ ရိုက်ကူးတာကြောင့် အမျိုးသမီးတွေဘက်က ရပ်တည်ပြီး သတင်းထောက် Kang Kyung Yoon က ဒီအမှုကို စတင်စုံစမ်းခဲ့ပါတယ်။ Kang Kyung Yoon ချောင်းရိုက် ကင်မရာအမှုကို ဖော်ထုတ်နေတဲ့အချိန် ဂူဟားရားဟာလည်း ရည်းစားဟောင်းနဲ့ အမှုရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။

ဂူဟားရား ရည်းစားဟောင်း Choi Jong Bum ဟာ ဂူဟားရားနဲ့အတူအိပ်ထားတဲ့ ဗွီဒီယိုကို လူမှုကွန်ယက် SNS မှာ တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် အလားတူညီတဲ့ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

“Jung Joon Young ချောင်းရိုက်ကင်မရာ အမှုကို စုံစမ်းနေတုန်းက ဂူဟားရား ဘက်ကနေပြီး ကျွန်မကို အရင်ဆုံးဆက်သွယ်လာတယ်။ သူကိုယ်တိုင် ဒီလို ကိစ္စရပ်မျိုး တွေ့ကြုံခံစားခဲ့ဖူးတာကြောင့် တတ်နိုင်သလောက် ကူညီပေးချင်တယ်ဆိုပြီး ပြောလာတယ်။ Jung Joon Young အမှုမှန် အမြန်ဆုံးပေါ်ပေါက်ဖို့ ကူညီခဲ့တယ်။ ကျွန်မနဲ့ သူ ဖုန်းနဲ့ အဆက်အသွယ်ရပြီး အပြင်မှာတွေ့ဆုံခဲ့ကြပါတယ်။ သူကျွန်မကို အကူအညီတွေ အများကြီးပေးခဲ့တယ်။ Sulli ဆုံးတုန်းက ကျွန်မ သူ့ကို ဖုန်းဆက်ပြီး အားတင်းထားဖို့ ပြောခဲ့တုန်းက သူ ဆက်လက် အသက်ရှင်နေထိုင်သွားမယ်ဆိုပြီး ကတိတွေတောင် ပေးခဲ့သေးတာ အခုလို ရုတ်တရက်ကြီး ထွက်ခွာသွားတော့ ကျွန်မ အရမ်း စိတ်မကောင်းဖြစ်မိတယ်” ဆိုပြီး ပြောပြလာပါတယ်။

အခုအချိန်မှာတော့ Jung Joon Young နဲ့ အပေါင်းအပါတွေကို တရားကျတဲ့နည်းအတိုင်း ထောင်ထဲ ထည့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အမှုမှန်ကို ပေါ်ပေါက်ကို ကူညီပံ့ပိုးပေးခဲ့တဲ့ ဂူဟားရား တမလွန်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ပိုပိုလေးမှ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 



Follow us on