1. Home
  2. Movie Stars - Celebrity

ဂူဟားရား သေဆုံးမှုမှာ လူသတ်မှုမဟုတ်ကြောင်း CCTV မှတ်တမ်းများထွက်ပေါ်

Movie Stars - Celebrity พ.ย. 26, 2562 view 1,639

တောင်ကိုးရီးယား အဆိုတော် အဖွဲ့ KARA မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင် ဂူဟားရားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် ၊ ညနေ ၆ နာရီအချိန် နေအိမ်မှာ သေဆုံးနေခဲ့တာကို အိမ်အကူအမျိုးသမီးမှ ရှာဖွေတွေ့ရှိခဲ့ပြီး ရဲဌာနမှ အကြောင်းကြားခဲ့ပါတယ်။

ဂူဟားရား သေဆုံးတာနဲ့ ပတ်သတ်လို့ သေဆုံးရတဲ့အကြောင်းအရင်းနဲ့ သဲလွန်စကို ရှာဖွေကြည့်ရာ နေအိမ်တွင်း စားပွဲပေါ်မှာ တိုတိုပြတ်ပြတ် စာတစ်ကြောင်းကိုသာ ရေးထားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်း အခိုင်အမာရှာဖွေလို့မရတာကြောင့် ရဲတွေကဂူဟားရား နေအိမ်မှာရှိတဲ့ CCTV တွေကို စစ်ဆေးခဲ့ရာ ဂူဟားရား အိမ်ကိုပြန်ရောက်ပြီးနောက်ပိုင်း အလောင်းကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသမီးကလွဲလို့ တခြား ဘယ်သူမှ အိမ်ထဲဝင်ရောက်လာခြင်းမရှိတာကို မြင်တွေ့ရတာကြောင့် ဒီအမှုဟာ လူသတ်မှု မဖြစ်နိုင်ကြောင်း ရဲဌာနမှ အတည်ပြုပြောပြလာပါတယ်။

ဂူဟားရား သေဆုံးမှုဟာ လူသတ်မှုလည်းမဟုတ်သလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အနေနဲ့လည်း ဂန်းနမ်ရဲစခန်းမှ အတည်ပြုထုတ်ပြန်ထားတာမျိုး မရှိသေးပေမယ့် “နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ လူသတ်မှုအနေနဲ့ စွဲချက်တင်လို့ မရတာကြောင့် အမှုကိုပိတ်လိုက်ပြီဖြစ်ကြောင်း” ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဂူဟားရားဟာ ပြီးခဲ့တဲ့ မေလပိုင်းလောက်တုန်းက ရည်းစားဟောင်းနဲ့ အမှုရင်ဆိုင်ခဲ့ရပြီး စိတ်ကျရောဂါဝေဒနာ ခံစားနေရသူတစ်ဦးပဲဖြစ်ပါတယ်။ ထိုအချိန်တုန်းကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် မန်နေဂျာက အချိန်မှီ တားလိုက်နိုင်တာကြောင့် အသက်မဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on