1. Home
  2. Special or Others

ကမ္ဘာကြီးကိုကယ်တင်ဖို့ အနာဂါတ်က လွှတ်လိုက်တဲ့ မိန်းကလေး

Special or Others พ.ย. 25, 2562 view 1,626

“Back to the Future” စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲကလို ပစ္စုပ္ပန်ကနေ အတိတ်၊ အနာဂါတ် တို့ကို ကူးလူးသွားလာနိုင်တဲ့ အချိန်ခရီးသည် Time traveller ရှိနိုင်တယ်ဆိုတာကို သင်ယုံကြည်ပါသလား..?

လက်တလောမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ကမ္ဘာ့ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ အသက် ၁၆ နှစ်အရွယ် ဆွီဒင်နိုင်ငံက Greta Thunberg ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ အနာဂါတ်ကနေ လွှတ်လိုက်တဲ့ ကလေးဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

Greta Thunberg  ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတွေနဲ့ ပက်သက်ပြီး စဉ်ဆက်မပြတ်လှုပ်ရှားနေတာကြောင့် ကမ္ဘာကချီးမြှင့်တဲ့ ဆုတံဆိပ်များစွာရရှိခဲ့တဲ့ ဆယ်ကျော်သက် တစ်ဦးလည်းဖြစ်ပါယ်။

၁၈၉၈ ခုနှစ် ကနေဒါနိုင်ငံ ယူကွန်ဒေသမှာ ရိုက်ကူးထားတဲ့ နှစ်ပေါင်း ၁၂၁ နှစ်သက်တမ်းရှိတဲ့ ဓါတ်ပုံကို

ဝါရှင်တန်တက္ကသိုလ်ရဲ့ ဝဘ်ဆိုက်မှာ ရှာတွေ့ခဲ့ပြီးနောက် သူမဟာ အချိန်ခရီးသွား တစ်ဦးဖြစ်နိုင်ကြာင်း အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ ဝဘ်ဆိုက်မှာ တင်ထားတဲ့ပုံမှာတော့ ကလေးတွေဟာ ရေတွင်းတစ်တွင်းနားမှာ ရေခပ်ဖို့လုပ်နေကြတာဖြစ်ပါတယ်။ အဲဒီထဲက မိန်းကလေးတစ်ယောက်ဟာ Greta နဲ့ ခွဲမရအောင် ချွတ်ဆွတ်တူနေတာကို တွေ့ခဲ့ရပါတယ်။ တစ်ချို့ကလည်း ဒီပုံဟာ ဖိုတိုရှော့နဲ့ပြန်ပြင်ထားတာဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အဖျက်သမားတွေကို ၉ နှစ်တစ်ကြိမ် အနာဂါတ်ကနေ ရောက်လာ ရှင်းလင်းသုတ်သင့်တဲ့ “In the shadow of the moon” ရုပ်ရှင်ဇာတ်ကားကလည်း ယခု ၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိထားတာကြောင့် အခုအဖြစ်ပျက်က အနည်းငယ်ထူးဆန်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

Greta Thunberg ဟာ အသက် ၁၅ နှစ် အရွယ်ထဲက ရာသီဥတုဖောက်ပြန်မှုနဲ့ ပက်သက်ပြီး အရွယ်နဲ့မလိုက်အောင် တက်ကြွလှုပ်ရှားသူဖြစ်ခဲ့သလို မကြာသေးမီကလည်း ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေကို လက်ညိုးငေါက်ငေါက်ထိုးကာ ပြစ်တင်ဝေဖန်ပြောဆိုရဲတဲ့ မိန်းကလေးဖြစ်တာကြောင့် အနာဂါတ်ကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့ ရောက်လာတဲ့သူ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာက စဉ်းစားစရာ ကောင်းနေပါတယ်။



Follow us on