1. Home
  2. Movie Stars - Celebrity

အဆိုတော်၊သရုပ်ဆောင် ဂူဟားရားကို နေအိမ်မှာသေဆုံးလျက် ရှာဖွေတွေ့ရှိ

Movie Stars - Celebrity พ.ย. 25, 2562 view 1,711

ယခင် KARA အဖွဲ့ဝင်ဟောင်း၊ လက်ရှိ အဆိုတော် သရုပ်ဆောင် ဂူဟားရားကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့က နေအိမ်မှာ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲဌာနမှာ သတင်းထုတ်ပြန်လာပါတယ်။

ဂူဟားရားဟာ ရည်းစားဟောင်းရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူမ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တုန်းက မန်နေဂျာက ချက်ချင်း တားလိုက်နိုင်တာကြောင့် အသက်မဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ အဆိုတော် Sulli နဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြပြီး Sulli ဆုံးတုန်းက ဂျပန်ရောက်နေခဲ့တဲ့အတွက် အသုဘကို မလာနိုင်တာကြောင့် instagram မှာ live လွှင့်ပြီး ငိုကြွေးခဲ့ပါသေးတယ်။

ဂူဟားရား သေဆုံးရတဲ့အကြောင်းအရင်းကို ရဲဌာနမှာ ဆက်လက်စုံစမ်း ထုတ်ဖော်နေဆဲပဲဖြစ်ပါတယ်။ မသေခင် သူမရဲ့ နေအိမ်တွင်း တစ်နေရာမှာ စာတိုလေးတစ်ကြောင်းကို ချန်ထားခဲ့ပါတယ်။ အဆိုပါ စာတို အရ ရဲများက ဆက်လက်စုံစမ်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Sulli ကတော့ မိမိကိုယ်မိမိ အဆုံးစီရင်ပြီး သေဆုံးသွားခဲ့ပေမယ့် ဂူဟားရားကတော့ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသလား? တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံမှုကြောင့်ပဲ သေဆုံးသွားသလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref:Koreaboo

(ပိုပိုလေး)

 

 



Follow us on