1. Home
  2. Movie Stars - Celebrity

ချစ်သူက မူးယစ်နဲ့မကင်းသေးတာကြောင့် လမ်းခွဲလိုက်ပြီဆိုတဲ့ မိုးအောင်ရင်

Movie Stars - Celebrity พ.ย. 22, 2562 view 1,693

ဝါရင့်အဆိုတော်ကြီးဦးအောင်ရင်ရဲ့သားဖြစ်သူ မိုးအောင်ရင်ကတော့ အနုပညာလောကထဲမှာ နာမည်တစ်ခုရရှိထားပြီး ပရိသတ်ရဲ့အားပေးလက်ခံမှု ချစ်ခြင်းမေတ္တာတွေကို ရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်ပါ။ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေရင်း မူးယစ်သားကောင်ဖြစ်သွားပြီး လမ်းမှားကိုရောက်သွားခဲ့သူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မိုးအောင်ရင်ဟာ မူးယစ်ဆေးအမှုကြောင့် ၃ နှစ်တာမျှ အချုပ်ကျခဲ့ပြီး နောက်ဆုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၇ နှစ်ထိကျခံဖို့ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ သို့ပေမယ့် ကံကောင်းထောက်မစွာပင် သမ္မတကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူများထဲတွင်ပါရှိခဲ့ပြီး မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ အနုပညာလောကထဲကို လူကောင်းတစ်ယောက်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးအောင်ရင်ပြန်လွတ်လာတဲ့အတွက် အားလုံးကဝမ်းသာအားရဖြစ်ခဲ့ကြရသလို နောက်ထပ်လမ်းမှားမလျှောက်ဖို့နဲ့ လူကောင်းအဖြစ်ရှင်သန်နေထိုင်ဖို့ အားလုံးကဆုတောင်းပေးရင်း ဝေဖန်အကြံပြုခဲ့ကြပါတယ်။

မိုးအောင်ရင်ကတော့ မူးယစ်သားကောင်ဖြစ်ပြီး လမ်းမှားလျှောက်ခဲ့တဲ့ သူ့ကိုယ်ကိုပြန်လည်ဆင်ခြင်သုံးသပ်ရင်း လက်ရှိမှာ အကောင်းဆုံးပြုပြင်ကြိုးစားနေထိုင်နေတာကို တွေ့ရပါတယ်။ အားလပ်ချိန်မှာမိသားစုနဲ့အတူတူ အချိန်ဖြုန်းရင်း အနုပညာအလုပ်တွေကိုလဲ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ မိုးအောင်ရင်က စိတ်မကောင်းစရာ သူ့ရဲ့လတ်တလောအချစ်ရေးကို မီဒီယာနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

အားလုံးလဲ သိထားကြတဲ့အတိုင်း မိုးအောင်ရင်ဟာ သူ့ချစ်သူကောင်မလေးနဲ့ နှစ်ပေါင်းများစွာလက်တွဲလာခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် အချုပ်ကျသွားခဲ့သည်တိုင် ချစ်သူကိုသစ္စာမဖောက်ပဲ အနားမှာရှိနေပေးခဲ့တာကြောင့် မိုးအောင်ရင်ရဲ့ချစ်သူကို ပရိသတ်တွေကဝိုင်းဝန်းချီးကျူးခဲ့ကြသလို မိုးအောင်ရင်ကိုယ်တိုင်ကလဲ သူ့ချစ်သူကို ကျေးဇူးတင်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောသွားခဲ့ပါသေးတယ်။

ယခုလက်ရှိမှာတော့ မိုးအောင်ရင်က သူ့ချစ်သူကောင်မလေးနဲ့လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ တစ်ချိန်က နှစ်ယောက်အတူ မူးယစ်ရဲ့လမ်းကြောင်းမှားပေါ်ရောက်ခဲ့ပေမယ့် ထောင်ထဲကထွက်လာပြီးနောက် မိုးအောင်ရင်က လူကောင်းတစ်ယောက်အဖြစ်နေထိုင်နေပေမယ့် စိတ်မကောင်းစွာပင် သူ့ချစ်သူကောင်မလေးက လမ်းမှားကိုမစွန့်လွှတ်နိုင်သေးတာကြောင့် ချစ်သူနဲ့လမ်းခွဲလိုက်ရခြင်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အဓိကအကြောင်းအရင်းကတော့ သူပါဒီလမ်းကြောင်းမှားထဲ ထပ်ရောက်သွားမှာစိုးတဲ့အတွက် ချစ်သူကောင်မလေးနဲ့ ပြတ်စဲလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ မိုးအောင်ရင်ရဲ့လုပ်ရပ်ကို တစ်ချို့ကလဲမှန်တယ်လို့ ယူဆပြောဆိုနေကြသလို တစ်ချို့ကလဲ ပြစ်တင်ဝေဖန်နေကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် မိုးအောင်ရင်ပြောပြသွားတဲ့ သူ့အချစ်ရေးအ​ကြောင်း အင်တာဗျူးဗီဒီယိုကိုပါ ဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)



Follow us on