မြန်မာတစ်နိုင်ငံလုံး မျှော်လင့်စောင့်စားနေတဲ့ ‘The Mask Singer Myanmar’ အစီအစဉ်ရဲ့ အပိုင်း (၂) ကို ယနေ့ည Channel Me ရုပ်သံလိုင်းကနေပြီး ထုတ်လွှင့်တင်ဆက်ပြသသွားတော့မှာဖြစ်ပါတယ်။
The Mask Singer Myanmar ရဲ့ မျက်နှာဖုံးနောက်ကွယ်က အဆိုရှင်တွေ ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းဖို့ ပရိတ်သတ်ကိုယ်စား ဆယ်လီစုံထောက် (၄) ဦးကို ခန့်အပ်ထားပြီးဖြစ်ပါတယ်။ ဆယ်လီစုံထောက်တွေအနေနဲ့ ဦးအရိုင်း၊ မခိုင်လေး (ခိုင်သင်းကြည်)၊ ထွန်းထွန်း(Example) နဲ့ မိုင်လေး(ရတနာမိုင်) တို့က မျက်နှာဖုံးနောက်က အဆိုရှင်တွေကို ခန့်မှန်းပေးသွားရမှာပဲဖြစ်ပါတယ်။
ဒီအပတ် သောကြာမှာတော့ ဆယ်လီစုံထောက် (၄) ဦးက ဂြိုလ်သား၊ နဂါး၊ ကျား တို့ပါဝင်တဲ့ အဖွဲ့ကို ခန့်မှန်းသွားရမှာဖြစ်ရပါတယ်။ လတ်တလော လူမှုကွန်ယက်မှ ပရိတ်သတ်တွေက ဂြိုလ်သားက အုပ်စိုးခန့်၊ နဂါးက အေသင်ချိုဆွေ ဆိုပြီး ခန့်မှန်းထားကြပေမယ့် ကျားကိုတော့ မည်သူမည်ဝါဆိုတာ ခန့်မှန်းလို့ မရနိုင်ဘဲရှိနေခဲ့ပါတယ်။
ဂြိုလ်သား၊ နဂါးနဲ့ ကျားတို့သုံးဦးဟာ ‘မှားတဲ့ဘက်မှာ’ သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပြီး ကျားက ဘယ်သူဆိုတာကိုတော့ ဆယ်လီစုံတွဲတွေထဲက တစ်ဦးဖြစ်တဲ့ မခိုင်လေး က ‘အကျားကြီးကတော့ လုံးဝ ဖမ်းလို့မရဘူးနော်’ ဆိုပြီး ပြောထားပါတယ်။
နဂါးကိုတော့ မိုင်လေးက ‘ကောင်မလေး’ ဆိုပြီး အားပါးတရ အော်ပြောပြီး ခန့်မှန်းထားပါတယ်။
ဒီနေ့ည နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဂြိုလ်သား၊ကျား နဲ့ နဂါးတို့ ဘယ်သူဘယ်ဝါဆိုတာ သိရှိရတော့မှာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မျက်နှာဖုံးနောက်ကွယ်က အဆိုတော်တွေက ဘယ်သူဖြစ်မယ်လို့ ထင်ပါသလဲ?
Ref:The Mask Singer Myanmar
(ပိုပိုလေး)