1. Home
  2. Movie Stars - Celebrity

အသက် (၄၁) နှစ်လို့ မထင်ရအောင်ကို နုပျိုလွန်းနေတဲ့ မင်းသမီး Kim Sarang

Movie Stars - Celebrity พ.ย. 20, 2562 view 1,735

Miss Universe 2001 ဖြစ်ခဲ့ဖူးတဲ့ သရုပ်ဆောင်၊ မင်းသမီး Kim Sarang ဟာ ဒီနှစ်ထဲမှာ အသက်အရွယ် ၄၁ နှစ်တိတိရှိသွားပြီပဲဖြစ်ပါတယ်။ သူမ အင်စတာဂရမ်မှာ လတ်တလောတင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

Kim Saran ဟာ အသက် (၄၁) နှစ်ရှိနေပြီမယ့်လို့ (၂၀) ကျော် မိန်းကလေး တစ်ဦးလို နုပျိုနေတုန်းပါပဲ။ သူမကို မသိတဲ့ လူတွေအနေနဲ့ ဓာတ်ပုံကိုကြည့်ပြီး ဒါ အသက် (၄၁) နှစ်အရွယ် အမျိုးသမီး တစ်ဦးလို့ ပြောနေရင်တောင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး။

(၄၀) ကျော်မှာ (၂၀) ကျော် အလှနဲ့ နုပျိုနေဆဲဖြစ်တဲ့ Kim Sarang ပုံအောက်မှာ ပရိတ်သတ်တွေ က ဒီလို ကော်မန့်မျိုးတွေ ရေးလာကြပါတယ်။

“အသက် ၂၀ ဝန်းကျင် မိန်းကလေးလို့ ထင်နေတာ”

“သူ့ အလှက စကားလုံးတွေနဲ့ ဖော်ပြလို့ရနိုင်မယ် မထင်ဘူး”

“အသက် မကြီးတော့ဘူးနဲ့တူတယ်”

“လူတစ်ယောက် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လှနိုင်ရတာလဲ”

ဆိုပြီး ရေးသားထားကြပါတယ်။

သူတို့တွေ ပြောသလိုပါပဲ သရုပ်ဆောင် Kim Sarang ရဲ့ အလှဟာ ပုံဖော်လို့လည်း မရသလို ယနေ့အချိန်ထိ နုပျိုနေဆဲ ဆိုတာ ငြင်းဆန်လို့ မရတဲ့ ကိစ္စရပ်တစ်ခုပါပဲ။

Ref:allkpop

(ပိုပိုလေး)

 



Follow us on