1. Home
  2. Special or Others

တစ်လဝင်ငွေ သိန်း ၂၅၀၀ ရနေတဲ့ ချိုင်းကြား(ဂျိုင်း)အနံ့ သုတေသီအလုပ်

Special or Others พ.ย. 19, 2562 view 1,841

ကုမ္ပဏီတွေက လုပ်ခလစာတွေပေးတာ နည်းနေတဲ့ခေတ်ကြီးထဲမှာ ပညာအရည်အချင်း များများစားစား မလိုပဲ တစ်လကို သိန်း ၂၅၀၀ လောက် ဝင်ငွေရမယ့်အလုပ်မျိုးရှိရင် မလုပ်ချင်ကြဖူးလား..?

ဒီလောက်တောင် လစာကောင်းတယ်ဆိုမှတော့ လုပ်ရမယ့်အလုပ်က အဆန်းကြီးတစ်ခုခုဖြစ်မှာ သေချာပါတယ်။

လူသုံးကုန်ပစ္စည်း သုတေသနပြုတဲ့ ကုမ္ပဏီတစ်ခုက လူတွေရဲ့ ချိုင်း(ဂျိုင်း)နံ့၊ ခြေထောက်အနံ့တွေကို နေ့စဉ်တစ်စိမ့်စိမ့်ရှုရှိုက်ပြီး ခွဲခြမ်းစိတ်ဖြာ တင်ပြပေးမယ့် လူတွေကို လစာကောင်းကောင်းပေးပြီး ခန့်အပ်နေပါတယ်။

လူတိုင်းလုပ်နိုင်လောက်တဲ့ အလုပ်မဟုတ်ပေမယ့် နိစ္စဓူဝ လူတွေကြားမှာ လိုင်းကားကို တိုးဝှေ့စီးကာ ပိုက်ဆံတစ်ပြားမှ မရပဲတောင် ချိုင်း(လက်ပက်)နံ့၊ ကိုယ်နံ့တွေ ရှုရှိုက်နေကြရတာဖြစ်လို့ ဒီလိုသာ ပိုက်ဆံတွေအချီကြီးရမယ်ဆိုရင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုအချိန်မှာ ဒီအလုပ်က တော်တော်ရွံစရာကောင်းပြီး ဟာသပဲလို့ တစ်ယောက်ယောက်ကတော့ စိတ်ထဲကနေ မှတ်ချက်ပေးချင်ပေးနေပါလိမ့်မယ်။ ဒါပေမယ့် မလေးရှားသတင်းမီဒီယာ Sin Chew Daily ရဲ့ ဖော်ပြချက်အရ Deodorant tester တာဝန်ထမ်းဆောင်သူတွေရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် တစ်လမှာ ဝင်ငွေ ကျပ်သိန်း ၂၅၀၀ တောင် ကျော်နိုင်ပါတယ်။

Princeton Consumer Research ကုမ္ပဏီမှာ အကြီးတန်းသုတေသနရာထူးနဲ့ လုပ်ကိုင်နေသူတစ်ဦးရဲ့ အဆိုအရ သူတို့တွေဟာ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ကိုယ်စား စမ်းသပ်မှုတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အလုပ်ရဲ့ လိုအပ်ချက်အရ ဒီအလုပ်ကို လုပ်ကိုင်ကြမယ့်သူတွေဟာ ချိုင်းကြားနဲ့ ခြေထောက်​တွေနဲ့ ပက်သက်ပြီး အထူးစိတ်ဝင်စားသူ ဖြစ်ရမယ်လို့ ထင်တတ်ကြပါတယ်။

အလုပ်လုပ်ရတဲ့ ပုံစံကတော့ စက်ရုံတွေကနေ အမျိုးအစားမတူတဲ့ ချွေးနံ့ပျောက်ဆေး၊ အနံ့ပျောက်ဆေး ၁၀ မျိုးလောက်ကို Princeton Consumer Research ကုမ္ပဏီကို ပေးပို့ပါတယ်။ အဲဒီချွေးနံ့ပျောက်ဆေးတွေကို စမ်းသပ်ခံမယ့် လူအမျိုးမျိုးရဲ့ ချိုင်းကြား၊ ခြေထောက်ပိုင်းတွေမှာ သုတ်လိမ်းပေးရပါတယ်။ အဲဒီနောက် အနံ့သုတေသနပြုမယ့်သူတွေက စက္ကူကန်တော့ခွက်ငယ်လေးတွေကို လူတွေရဲ့ ချိုင်းနဲ့ ခြေထောက်ပိုင်းတွေမှာ ကပ်ထားပြီး သူ့နားခေါင်းနဲ့ ခွက်ရဲ့အဝကို တေ့ကာ အားရပါးရအနံ့ရှုရတာဖြစ်ပါတယ်။ (အမလေး စိတ်ကူးကြည့်တာနဲ့တင် မူးပြီး အန်ချင်လာပြီ)

အဲဒီနောက်မှာ အနံ့တွေကို သရုပ်ခွဲပြီး အမှတ် 0 ကနေ 10 ထိ သတ်မှတ်ပေးရပါတယ်။ 0 ကတော့ အနံ့သိပ်မပြင်းတာကို ကိုယ်စားပြုပါတယ်၊ 10 ကတော့ သိသိသာသာ အနံ့ပြင်းတာကို ဆိုပါတယ်။ အလုပ်လုပ်ရတဲ့အနေအထားအရ ဘာမှအားသွန်ခွန်စိုက် လုပ်ရတာမျိုး မဟုတ်ပေမယ့် လက်တွေ့မှာတော့ ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ တစ်ကယ့်လက်တွေ့မှာ အတွေ့ကြုံရင့်တဲ့ သုတေသနပြုသူတွေတောင် အချို့လူတွေရဲ့ အနံ့အသက်တွေက အော်ဂလီဆန်ချင်စရာ ကောင်းလောက်အောင် ဆိုးရွားလွန်းလို့ မကြာခဏဆိုသလို အလုပ်ကနေ အနားယူသွားကြရတယ်လို့ ဆိုပါတယ်။

အကယ်၍များ ပိုက်ဆံရရင်ပြီးရော ငါလုပ်နိုင်မှာပါလို့ ထင်နေရင်တော့ ကိုယ်ရေးအချက်လက် အပြည့်အစုံကို Princeton Consumer Research ရဲ့ တရားဝင် Website ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။ ပြီးရင်တော့ သူတို့ဘက်က ဆက်သွယ်လာမှာကို စောင့်နေပါတော့။



Follow us on