Tik Top အက်ပလီကေးရှင်းမှာ ဟာသဗီဒီယိုလေးတွေတင်ဆက်ရာမှ နာမည်ကြီးလာတဲ့ မန္တလေးတိုင်း ၊ ကျောက်ပတောင်းမြို့နယ်က Tik Top ဆယ်လီ မမနှစ်ဦးဟာ အခုဆို ရန်ကုန်သို့ ရောက်ရှိလာခဲ့ပြီး နာမည်ကြီး အနုပညာရှင်တွေနဲ တွေ့ဆုံနေတာဖြစ်ပါတယ်။
Tik Top မှာ သူတို့နှစ်ယောက်ရဲ့ ထူးခြားတဲ့ ရယ်စရာ ဟာသတင်ဆက်ပုံတွေကြောင့် ချစ်ခင်တဲ့ ပရိတ်သတ်တွေ အများအပြားရရှိလာခဲ့ပါတယ်။ တောသူတောင်သား အညာသူ တွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ အတိုင်အဖောက်ညီညီ ရိုးသားတဲ့ အရှိအရှိတိုင်း ဟာသတင်ဆက်ပုံတွေကြောင့်လဲ အားပေးသူတွေ အများအပြားရှိလာခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အနုပညာမြောက် ဟာသဆန်တဲ့ တင်ဆက်ပုံတွေကြောင့် ရုပ်ရှင်သရုပ်ဆောင်တွေကပါ အားပေးလာကြပါတယ်။ MRTV-4 ရဲ့ဇာတ်လမ်းတွဲနဲ့ နာမည်ရလာတဲ့ ဆောင်းဝတ်ရည်မေ လို့ခေါ်တဲ့ မင်းသမီးလေး တုတု ဟာဆိုရင်လည်း ‘ သူတို့အားပေးလာတာ ကြာပါပြီ..။ သူတို့ ဗီဒီယိုတွေဆိုရင် မကျော်ဘဲ အားပေးလာခဲ့တာပါ။ ကျွန်မကတော့ ပိန်ပိန်သေးသေးလေးရဲ့ ဖန်ပါ’ လို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရှဲပြီးတင်ခဲ့ပါတယ်။
အခုဆိုရင် သူတို့နှစ်ယောက်ဟာ ရန်ကုန်သို့ရောက်ရှိလာခဲ့ပြီး ရန်ကုန်မှ နာမည်ကြီး အဆိုတော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရဲလေး ၊ သာစိုး ၊ ခင်လှိုင် ၊ အညာသူမချင်းဖြစ်တဲ့ ဖြူဖြူထွေးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ နာမည်ကျော် အနုပညာရှင်တွေနဲ့ အတူလက်တွဲ သရုပ်ဆောင်ခွင့်တွေလည်း ရရှိလာနိုင်ပါတယ်။ အဆိုပါ ဆယ်လီ မမနှစ်ယောက်ကို အားပေးတဲ့ ပရိတ်သတ်တွေရော ရှိကြလား..?
comment