1. Home
  2. Movie Stars - Celebrity

နာမည်တပ်ပြီးမှားယွင်းစွာစွပ်စွဲနေမှုတွေကြောင့် ပြတ်ပြတ်သားသားပြောလိုက်တဲ့ နီနီခင်ဇော်

Movie Stars - Celebrity พ.ย. 18, 2562 view 1,709

နီနီလို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့ နီနီခင်ဇော်ကတော့ ဂီတလောမှာအောင်မြင်ကျော်ကြားနေတဲ့ ငွေကြယ်ပွင့်တစ်ခုပါ။ သူမက အသံပါရမီအားရော၊ ဂီတပိုင်းမှာပါ အရည်အချင်းပြည့်၀တဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး အားပေးသူပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာရပ်တည်နေသူပါ။ တစ်ချိန်က ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပရိသတ်တွေရဲ့ပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရပေမယ့်လဲ အနုပညာလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်မတ်မတ်လျှောက်လှမ်းနေသူမို့ ဝေဖန်မှုတွေထက် အောင်မြင်မှုတွေကိုသာ အနိုင်ရရှိခဲ့သူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

နီနီက လတ်တလောမှာ ‘ပါတီခင်ဇော်’ ဆိုတဲ့ သီချင်းအယ်ဘမ်ခွေကိုထွက်ရှိထားပြီး တစ်ကိုယ်တော်ရှိုးပွဲကြီးကိုလည်း ရန်ကုန်မှာရော၊ မန္တလေးမှာပါ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်။ မကြာခင်ရက်ပိုင်းမှာလဲ စင်္ကာပူနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲသွားရောက်ဖျော်ဖြေနိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတာကို တွေ့ရပါတယ်။ လတ်တလောလူမှုကွန်ယက်မှာတော့ နီနီတစ်ယောက် သတင်းဆိုးတွေနဲ့ မှားယွင်းစွပ်စွဲခြင်းခံနေရပါတယ်။

အဲ့တာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့က အဆိုတော်ဟန်ထူးလွင် (ကျားပေါက်) မှ သူ့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး သတင်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ ဟန်ထူးလွင်က သူနဲ့ (၁၃) နှစ်ကြာမျှပေါင်းသင်းနေထိုင်ခဲ့တဲ့ ဇနီးဖြစ်သူ စုလဲ့ဝင်း (ဇုံဇုံ) နဲ့ တရားဝင်ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်းကို လူမှုကွန်ယက်ကနေတစ်ဆင့် အားလုံးကိုအသိပေးကြေညာခဲ့ပါတယ်။ ထိုသတင်းက အနုပညာရှင်များစွာနဲ့ ပရိသတ်တွေကြားထဲ အံ့ဩခြင်းများစွာဖြစ်ခဲ့ရပြီး သို့လောသို့လောဆိုတဲ့ တီးတိုးစကားသံတွေနဲ့ ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။

ထိုမှတစ်ဆင့် ဖေ့စ်ဘွတ်အကောင့်တစ်ခုမှ ရေးတင်လိုက်တဲ့ သတင်းအမှားတစ်ခုကြောင့် အွန်လိုင်းသုံးစွဲသူတွေကြားမှာ ကောလဟာလသတင်းတွေ အမျိုးမျိုးပျံ့နှံ့လာခဲ့ပါတယ်။ အဆိုတော်ဟန်ထူးလွင်တို့ အိမ်ထောင်ရေးအဆုံးသတ်ရခြင်းမှာ နီနီပါဝင်နေတယ်ဆိုတဲ့သတင်းတွေက တစ်မဟုတ်ချင်းပျံ့နှံ့သွားပြီး နီနီခင်ဇော့်ကို ဝိုင်းဝန်းပြစ်တင်ပြောဆိုသံတွေ ထွက်ပေါ်လာပါတော့တယ်။ ထို့သို့ နာမည်တပ်ပြီးမှားယွင်းစွာစွပ်စွဲနေမှုတို့ကြောင့် နီနီခင်ဇော်က သူမရဲ့လူမှုကွန်ယက်ကနေ အားလုံးကို ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။ 

နီနီက သူမကိုဝိုင်းဝန်းပြစ်တင် စွပ်စွဲနေကြတာတွေနဲ့ပတ်သက်ပြီး “FBပေါ်ကမှားယွင်းသတင်းများ ချင့်ချိန်ယုံစေချင်ပါတယ်။ နီနီ လုံးဝ လုံးဝမဟုတ်ပါ။ တဖက်သားထိခိုက်စေမယ့် စကားများမပြောကြဖို့ တောင်းဆိုချင်ပါတယ်။ စင်ကာပူ showနဲ့တောင်အလုပ်ရှုပ်နေတာ ကိုယ့်အလုပ်ကိုလုပ်နေတာပါ” ဆိုပြီး သတင်းအမှားတွေကို ချင့်ချိန်ပြီးယုံကြည်ကြဖို့နဲ့ သူမနာမည်ကိုတပ်ပြီး စွပ်စွဲနေတာတွေကို မပြုလုပ်ကြဖို့ ကိုယ်တိုင်မေတ္တာရပ်ခံပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမလိုပဲ နောက်ထပ်အထင်မှားခြင်းခံနေရတဲ့ သူလဲလုံး၀မဟုတ်ကြောင်းကို ကောမန့်ပေးရေးသားထားပါသေးတယ်။

ကဲ ပရိသတ်ကြီးရေ… နီနီကတော့ သူမကိုဝေဖန်ပြောဆိုနေသူတွေကို အပြစ်မမြင်ပဲ ကောလဟာလတိုင်းကို မြင်ယုံ၊ ကြားရုံနဲ့ မယုံကြည်သင့်ကြောင်းကို သတိပေးသွားတာဖြစ်ပါတယ်…ဒါ့ကြောင့် အကြောင်းအရာတစ်ခုကို ဂဃနဏမသိပဲ ယုံကြည်တာ၊ သံယောင်လိုက်ပြီး မှားယွင်းစွပ်စွဲတာတွေမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်…

 

(ပိုပိုလေး)



Follow us on