1. Home
  2. Special or Others

Motorola RAZR ခေါက်ဖုန်းလေး အမိုက်စားဒီဇိုင်းနဲ့ ပြန်လာပြီ (ရုပ်သံ)

Special or Others พ.ย. 15, 2562 view 2,119

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် ဝန်းကျင်လောက်ကတည်းက ဖုန်းကိုင်ခဲ့ဖူးတဲ့သူတွေဆိုရင် Motorola(မော်တော်ရိုလာ)ဖုန်းကို ကောင်းကောင်းကြီး ရင်းနှီးဖူးကြပါလိမ့်မယ်။ Motorola ရဲ့ Razr ကို ဘောလုံးအကျော်မော် ဒေးဗစ်ဘက်ဟန်း နဲ့တောင် ကြောငြာခဲ့ဖူးပြီး လူကြိုက်များတဲ့ မော်ဒယ်လ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီခေတ်က ခေါက်ဖုန်းတွေ Slide ဖုန်းတွေ အရမ်းခေတ်စားနေတဲ့အချိန်မှာ Motorola Razr က ပါးပါးလှပ်လှပ်လေးနဲ့ ကျစ်ကျစ်လျစ်လျစ်လေးမို့ လူတွေ အရှုးအမူးကြိုက်ခဲ့ကြဖူးပါတယ်။ ဒီလိုမျိုး Legend phone မော်ဒယ် ဖြစ်ခဲ့ဖူးတဲ့ Motorola Raza ကို ၂၀၂၀ မှာ ဒီဘက်ခေတ် smart ခေါက်ဖုန်း တစ်လုံးအဖြစ် မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။

Motorola ကုမ္ပဏီက ၂၀၂၀ ဇန်နဝါရီမှာ Razr ဖုန်းအသစ်ကို စျေးကွက်ထဲ ပို့တော့မယ်လို့ တရားဝင်ကြေညာသွားခဲ့ပါတယ်။ Razr ရဲ့ နဂိုမူလဟန်ပန်ကို မပျက်စေပဲ အခုခေတ်ပုံစံ ၁၅.၇ စင်တီမီတာ OLED စခရင်ထည့်သွင်းပြီး ခေါက်နိုင် ဖြန့်နိုင်တဲ့ ပုံစံဖန်တီးထားပါတယ်။ ခေါက်လိုက်တဲ့အခါ စခရင်မျက်နှာပြင်က ၆.၉ စင်တီမီတာသာရှိပြီး စခရင်ပေါ်မှာ လိုအပ်တဲ့ (နိုတီတွေ၊ မက်ဆေ့ချ်၊ သီချင်းခုလုတ်) စတာတွေကို Quick view အနေနဲ့ ထည့်ထားပေးပါတယ်။ လက်ဗွေစနစ်ပါဝင်ပြီး အားသွင်းဖို့အတွက် မြန်နှုန်းမြင့် USB-C အမျိုးအစား ပါရှိပါတယ်။

ဒီဇိုင်းလည်းမိုက်တယ်၊ ပေါ့လည်းပေါ့ပါးတယ်၊ သယ်ရတာလည်းလွယ်ကူတယ်၊ ခေါက်နိုင် ဖြန့်နိုင်တဲ့ Motorola Razr ရဲ့ စျေးနှုန်းကတော့ ပြင်းလွန်းပါတယ်။ Motorola Razr ရဲ့ တန်ဖိုးကတော့ တစ်လုံးကို အမေရိကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင် (ကျပ် ၂၃ သိန်းနီးပါး) နဲ့ စတင် ရောင်းချမယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဟိုးအရင်တုန်းက ကိုင်ဖူးခဲ့တဲ့ ဖုန်းလေးကိုလည်း လွမ်းဆွတ်တယ်၊ ငွေရေးကြေးရေးလည်း အဆင်ပြေတယ်ဆိုရင်တော့ Motorola Razr ဖုန်းလေးက သင့်အတွက် အမှတ်ရစရာ အတိတ်ကောင်းကောင်းလေးတွေကို ပြန်လည် သတိရစေမှာမို့ ဝယ်ကိုင်ဖို့ ထိုက်တန်မှာ အမှန်ပါပဲ။



Follow us on