1. Home
  2. Movie Stars - Celebrity

မျက်နှာအသွင်အပြင်ချို့ယွင်းနေတဲ့ကလေးငယ်တွေအတွက် အပြုံးအလှူဒါနပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ဟာဂျီဝန်

Movie Stars - Celebrity พ.ย. 15, 2562 view 1,974

တောင်ကိုးရီးယား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဟာဂျီဝန်ဟာ မျက်နှာ အသွင်အပြင်နဲ့ ပတ်သတ်ပြီး မွေးရာပါ ယိုယွင်းပျက်စီးနေတဲ့ ကလေးသူငယ်တွေအတွက် အပြုံးအလှူဒါန ပြုလုပ်ခဲ့ပါတယ်။

ဟာဂျီဝန်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ မှာကတည်းက Operation Smile အမည်ရတဲ့ NGO အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ခဲ့ပြီး မျက်နှာ အသွင်အပြင် ယိုယွင်းပျက်စီးနေတဲ့ ကလေးသူငယ်တွေ အကောင်းပကတိအတိုင်း ပြန်ဖြစ်အောင် ခွဲစိတ်ကုသပေးနိုင်ဖို့ လုပ်အားပေး သဘောနဲ့ ကူညီခဲ့ပါတယ်။

မျက်နှာယိုယွင်းပျက်စီးနေတဲ့ ကလေးငယ်အများစုဟာ အထူးသဖြင့် နှုတ်ခမ်းပဲ့၊ နှာခေါင်းပဲ့တာမျိုးတွေ အဖြစ်များကြပါတယ်။ ဟာဂျီဝန်က ခွဲစိတ်ခန်းဝင်ရမယ့် ကလေးတွေကို အပြုံးနဲ့ အားပေးဖို့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ နိုဝင်ဘာ ၈ ရက်ကနေ ၁၁ ရက်နေ့အထိရှိနေခဲ့တာပဲဖြစ်ပါတယ်။

“ချစ်စရာကောင်းပြီး လှပတဲ့ ကလေးငယ်ငယ်လေးတွေ မွေးထုတ်ပေးနိုင်ဖို့ဆိုရင် ကျွန်မ ဘာမဆိုလုပ်သွားမှာပါ။ ကျွန်မရဲ့ အပြုံးတွေက သူတို့လေးတွေအတွက် အင်အားဖြစ်စေနိုင်တယ်ဆိုတာ သိလိုက်ရတော့ အတိုင်းမသိဝမ်းသာမိပါတယ်။ ဖြစ်နိုင်ရင် ဒီထက်မက ကူညီလို့ရသေးရင် ကူညီပြီး လုပ်အားပေးချင်ပါသေးတယ်။” ဆိုပြီး မီဒီယာတွေကိုပြောပြလာပါတယ်။

ဟာဂျီဝန်ဟာ ဘဲဥပုံ ကျတဲ့ မျက်နှာပုံစံကို ပိုင်ဆိုင်ထားပြီး ဒီမျက်နှာ အနေအထားကို ပိုင်ဆိုင်ထားတဲ့ သူတွေဟာ ပြိုင်စံရှား အလှဘုရင်မတွေ ဖြစ်လေ့ရှိတာအမှန်ပါပဲ။ ဒီဘဝမှာ ရုပ်ချောသလို စိတ်ထားလေးကလည်း လှတာကြောင့် နောက်ဘဝမှာလည်း ဒီထက်မက ရုပ်ချောနေဦးမှာ အမှန်ပါပဲ။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on