1. Home
  2. Movie Stars - Celebrity

အဆောင်ရှေ့ သီချင်းလာဆိုသလို ခံစားသွားစေခဲ့တဲ့ မူးလာရဲ့ ဖျော်ဖြေတင်ဆက်မှု

Movie Stars - Celebrity พ.ย. 15, 2562 view 1,776

Myanmar Idol Season 4 (Top 10 စာရင်းဝင် ဆယ်ဦး) ရဲ့ တတိယအပတ် Live ဖျော်ဖြေတင်ဆက်မှုကြီးကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆန်ခါတင် (၁၀) ယောက်စလုံးဟာ တစ်ခါက တက္ကသိုလ် အမှတ်တရ သီချင်းတွေကို မတူညီတဲ့ ဖီလင်မျိုးရရှိအောင် တစ်ယောက်တစ်မျိုးစီ အကောင်းဆုံး ဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့ပါတယ်။

Top 10 စာရင်းဝင် ဆယ်ဦးထဲ စောခရစ်မူးလာ ဟာ ဒီတစ်ပတ်မှာတော့ သူဆိုနေကျ ရော့ခ်စတိုင်မဟုတ်တဲ့ သီချင်း တစ်ပုဒ်နဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မူးလာက ပြိုင်ပွဲတစ်လျှောက်လုံး “တက္ကသိုလ် အမှတ်တရ သီချင်း” တွေဟာ သူဆိုနေကျ စတိုင်နဲ့ ကွဲထွက်နေတာကြောင့် ဆရာ ကိုဥက္ကာနဲ့ ဆရာမ ထရေစီတို့ကို ရွေးချယ်ပေးဖို့ တောင်းခဲ့တယ်လို့ ပြောပြလာပါတယ်။ ဆရာ ကိုဥက္ကာကနေပြီး တက္ကသိုလ် သီချင်းတွေထဲက မူးလာနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် သီချင်းတစ်ပုဒ်ကို ရွေးချယ်ပေးခဲ့ပါတယ်။

သီချင်းနာမည်ကတော့ ‘အဆောင် သရဲဖြစ်ပြီး’ ဒီသီချင်းကို အဆိုတော် ဖိုးချိုက သီဆိုခဲ့တာပဲဖြစ်ပါတယ်။  ဒီသီချင်းလေးက မာလာဆောင်မှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို အခြေခံ သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး သံစဉ်လေးက ခပ်မြူးမြူးလေးဆိုပေမယ့် သေချာနားထောင်ကြည့်ရင်း သီချင်းစာသားလေးတွေက ဝမ်းနည်း၊ လွမ်းဆွေးစရာ ကိစ္စရပ်တစ်ခုကို ရည်ညွှန်းနေတာကိုတွေ့မြင် ခံစားရပါတယ်။

 

မူးလာဟာ လတ်တလော TU (ပုသိမ်) မှာ တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့အတွက် မိန်းကလေး အဆောင်ရှေ့ သီချင်းသွားဆိုဖူးတဲ့ အတွေ့အကြုံမျိုး  ရှိခဲ့ဖူးတာကြောင့် ဒီလို သီချင်းမျိုးနဲ့ ကိုက်ညီလွန်းတာကို မြင်တွေ့ရပါတယ်။ အဆောင်ရှေ့ သွားရောက် သီဆိုရတဲ့ စတိုင်မျိုးနဲ့ ဖျော်ဖြေတင်ဆက်ရတာကြောင့် မူးလာအတွက် အခက်အခဲတွေ အများအပြားရှိခဲ့ပါတယ်။

 

‘အဆောင်သရဲ သီချင်း’ မှာ timing ပေါင်းများစွာ ပါဝင်တာဖြစ်လို့ timing တစ်ခုလွဲတာနဲ့ သီချင်း တစ်ပုဒ်လုံး ကီး လွဲသွားနိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ သီချင်းတစ်ပုဒ်လို့ သတ်မှတ်လို့ရပါတယ်။ Myanmar Idol ရဲ့ Music Director တစ်ဦးဖြစ်တဲ့ ဆရာကိုဥက္ကာက မူးလာ စတိတ်ပေါ် သီဆိုဖျော်ဖြေမှုမပြုခင် ဂစ်တာသမားတွေနဲ့  timing မကိုက်မှာကို စိုးရိမ်နေခဲ့ပေမယ့် မူးလာက မြန်ဆန်လွန်းလှတဲ့ timing အကူးအပြောင်းတွေကို ချွတ်ချော် မှားယွင်းမှုမရှိဘဲ အကောင်းဆုံး ဖျော်ဖြေတင်ဆက်သွားနိုင်ခဲ့ပါတယ်။

Ref:Channel 9

(ပိုပိုလေး)

 



Follow us on