1. Home
  2. Football

သူ့ရဲ့ ပျော်ရွင်ခြင်း လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ကန်တီ

Football พ.ย. 13, 2562 view 1,625

ချဲလ်ဆီးအသင်း ကွင်းလယ်လူ ကန်တီကို ဘောလုံးချစ် ပရိတ်သတ်တွေက အားလုံးချစ်ခင်ကြပါတယ်။ ကန်တီဟာ အမြဲပြုံးနေလေ့ရှိသူဖြစ်ပြီး သူကိုတွေ့ရသူတိုင်း စိတ်ချမ်းသာရပါတယ်။ အင်တာဗျူးတစ်ခုမှာ ကန်တီဟာ သူဘာလို့ ပျော်ပျော်နေရလဲဆိုတဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။

ကန်တီက ‘ ကျွန်တော်ဟာ သာမန်လူတွေထဲ့က လူပါပဲ ..။ တစ်ခါတစ်လေ စိတ်တို ၊ စိတ်ညစ်တဲ့အခါတွေရှိပါတယ်..။ လက်ခံနိုင်တဲ့အရာတွေ ရှိသလို ၊ လက်မခံနိုင်တဲ့ အကြောင်းအရာတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်က ဘဝကို အကောင်းဆုံး ရိုးရိုးရှင်းရှင်း နေထိုင်ဖို့ ကြိုးစားပါတယ်။ ’

‘ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်မလာခင်ကဆိုရင် အခြားလူတွေလိုပဲ..။  ဘောလုံးကို ချစ်တယ် ..။ ဘောလုံးသမားတွေကို ချစ်တဲ့ ဘောလုံးဖန် တစ်ယောက်ပါပဲ..။ ဒီနေ့တွေမှာတော့ ..။ လူတွေကို ကျွန်တော်ကို အိုင်ဒေါတစ်ယောက် ကြယ်ပွင့်တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။ ကျွန်တော် သိပါတယ်..။ အခြားသူတွေရဲ့ အခြေအနေတွေကို နားလည်ထားပါတယ်။ ’

‘ လူတွေကို ပျော်ရွင်အောင် လုပ်ရတာလောက် ကောင်းမွန်တဲ့ အရာမရှိပါဘူး..။ ကျွန်တော်ရဲ့ ဘဝဟာ ဘောလုံးကန်နေရရင်ကို အလိုလို ကြည်နူးပျော်ရွင်နေတာပါ။ အလုပ်တစ်ခု ဖြစ်ရုံတင်မဟုတ်ဘဲ ဒီခံစားချက်ဟာ ကျွန်တော့ကို အကောင်းဆုံး သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ’

 “ မီဒီယာတွေနဲ့ Public ထွက်ရမယ်ဆိုရင် မဖြစ်မနေမှသာ လုပ်ဆောင်ပါတယ်.။ အဲ့ဒီလို မကြာခဏ လုပ်နေရတာကို ကျွန်တော် မကြိုက်ပါဘူး ” လို့ သူရဲ့ခံစားချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။

ကန်တီဟာ အခုချိန်မှာ ကမ္ဘာအကောင်းဆုံး ကွင်လယ်လူအဖြစ် သတ်မှတ်ထားခြင်းခံရပြီး နောက်ဆုံး ၅ ရာသီအတွင် ကိန်း ၊ လက်စတာ ၊ ချဲလ်ဆီးအသင်းတို့မှာ ပွဲပေါင်း (၁၉၀) ကစားထားပြီး (၁၁) ပွဲသာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

Ref; bleacherreport



Follow us on