1. Home
  2. Movie Stars - Celebrity

၂၀၁၉ မှာ အလှူအတန်းအများဆုံးပြုလုပ်တဲ့ အနုပညာရှင် (၃) ဦး

Movie Stars - Celebrity พ.ย. 07, 2562 view 1,511

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ပရိတ်သတ်တွေကို ဂုဏ်ယူစေတဲ့ အနုပညာရှင်စာရင်းကို portal site D.C မှာ voting စနစ်နဲ့ ရွေးချယ်စေခဲ့ပါတယ်။ ၂၀၁၉ မှာ အလှူအတန်း အများဆုံးပြုလုပ်တဲ့ အနုပညာရှင် (၃) ဦးတို့ဟာ ပရိတ်သတ် ဂုဏ်ယူရတဲ့ အနုပညာရှင် တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူတို့တွေကတော့ XIA Junsu, IU နဲ့ Yoo Jae Suk တို့ပဲဖြစ်ပါတယ်။ 

JYJ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ XIA Junsu ဟာ လက်ရှိမှာ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီး အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ ဆယ်နှစ်ဝန်းကျင်လောက်ရှိပြီပဲဖြစ်ပါတယ်။ Junsu ဟာ တောင်ကိုးရီးယား နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ဆင်းရဲသားပြည်သူတွေကို နှစ်စဉ် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

IU ကတော့ ပရဟိတ အများဆုံးလုပ်သူလို့ နာမည်ကြီးသူလေးပါ။ ပရဟိတ အသင်းတော်တော်များများရဲ့ သံတမန် အဖြစ်ပါဝင်ဆောင်ရွက်နေပြီး နိုင်ငံတွင်းမှာရှိတဲ့ ဒုက္ခသည်ပြည်သူတွေ လိုရင် လိုအပ်သလို အလှူအတန်း ပြုလုပ်ဖို့ လက်မနှေးသူလေးပါ။ ပရဟိတ လုပ်ရုံသာမက IU ဟာ ပြည်သူ့အမှုထမ်း အဖြစ် ရဲဝန်ထမ်းတစ်ဦးအနေနဲ့လည်း တာဝန်ယူဆောင်ရွက်လို့နေပါတယ်။

Running Man အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Yoo Jae Suk ဟာလည်း အလှူအတန်းရက်ရောတဲ့နေရာမှာ နာမည်ကြီးသူတစ်ဦးပါပဲ။ Yoo Jae Suk ကို Running Man ကြိုက်နှစ်သက်သူ ပရိတ်သတ်တွေသာမက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ခံရတဲ့ Celebrity တစ်ဦးအဖြစ်ပါ ရွေးချယ်သတ်မှတ်ထားကြပါတယ်။

(ဒီအနုပညာရှင် သုံးဦးမှာ ပရိတ်သတ်တွေကို ဂုဏ်ယူရစေတဲ့ အနုပညာရှင်တွေအဖြစ် XIA Junsu က 1, IU က 2, Yoo Jae Suk က 3 အစရှိသဖြင့် အသီးသီး ရရှိထားကြပါတယ်။)

Ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on