1. Home
  2. Movie Stars - Celebrity

လွန်ခဲ့တဲ့ ၁၀ နှစ်က အလှတရားတွေကို ပရိတ်သတ်နဲ့အတူ ပြန်လည်ဝေမျှလိုက်တဲ့ ဆောင်းဟယ်ကျို

Movie Stars - Celebrity พ.ย. 05, 2562 view 1,536

မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားခေါ်ဝေါ်ရမယ့် သရုပ်ဆောင် ဆောင်းဟယ်ကျိုဟာ သူမရဲ့ လူမှုကွန်ယက် အင်စတာဂရမ်ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်က ဓာတ်ပုံတစ်ပုံကို ပရိတ်သတ်နဲ့အတူ ပြန်လည်ဝေမျှခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ နုပျိုလှပနေတဲ့ ဆောင်းဟယ်ကျိုကို မြင်တွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ Kyo ၂၀၀၉ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ W Korea Magazine ရဲ့ ကာဗာဖိုတိုပဲဖြစ်ပါတယ်။ Kyo ဟာ ဒီပုံထဲမှာ ဆံပင်အတို ပုံစံနဲ့ ဆယ်ကျော်သက်လေးလို နုပျိုလန်းဆန်းနေခဲ့တာပါ။

Kyo တင်ထားတဲ့ ဓာတ်ပုံကို မြင်တဲ့ သရုပ်ဆောင် Song Yoon Ah နဲ့ Park Sol Mi တို့က ပုံကို like လုပ်ခဲ့ကြပြီး Park Sol Mi က “အသည်းပုံကို ဘယ်နှစ်ခါနှိပ်မိနေမှန်းကိုမသိတော့ပါဘူး” ဆိုပြီး ကော်မန့်မှာရေးသားခဲ့ပါတယ်။ Park Sol Mi လိုပဲ Kyo ရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကဓာတ်ပုံအောက်မှာ ပရိတ်သတ်တစ်ဦးက “မင်းဟာ အရင်တုန်းကလည်းလှတယ် ခုထိလည်း လှပနေဆဲပါပဲ” ဆိုပြီးရေးသားထားကြပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on