1. Home
  2. Movie Stars - Celebrity

လာမယ့်နှစ်မှာ စစ်မှုထမ်းရတော့မယ့် သရုပ်ဆောင် Hong Jong Hyun

Movie Stars - Celebrity พ.ย. 05, 2562 view 1,500

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် Hong Jong Hyun ဟာ လာမယ့်နှစ် ဒီဇင်ဘာ ၂၀၂၀ မှာ တောင်ကိုးရီးယားနိုင်ငံရဲ့ အသက် ၁၉ နှစ်မှ ၃၀ အတွင်း အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအရ  မကြာခင် အမှုထမ်း တာဝန်ကိုထမ်းဆောင်ရတော့မှာပဲဖြစ်ပါတယ်။

Hong Jong Hyun စစ်မှုထမ်းရတော့မယ့် ကိစ္စနဲ့ ပတ်သတ်ပြီးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Illgan Sprorts မီဒီယာကို အောက်ပါအတိုင်းပြောပြလာပါတယ်။

“Hong Jong Hyun ဟာ ဒီဇင်ဘာ ၂ ရက်နေ့၊ ၂၀၂၀ မှာ စစ်မှုထမ်းရတော့မှာပါ။ တိုင်းပြည်အတွက် ၂ နှစ်တိတိ တာဝန်ကျေပြီးခဲ့ရင် ပရိတ်သတ်ရှေ့ကို သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ ပြန်လည်ရောက်ရှိလာမှာပါ။”

Hong Jong Hyun ဟာ llgan Sports နဲ့အတူ ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ စစ်မှုထမ်းတော့မယ့် အကြောင်းနဲ့ ပတ်သတ်ပြီး အရိပ်အမြွက်ပြောပြဖူးပါတယ်။

“ကျွန်တော် အချိန်အတော်ကြာတဲ့အထိ သရုပ်ဆောင်တစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ခဲ့ပြီးပါပြီ။ ဒါကြောင့် စစ်ထဲဝင်ရမှာကို သိပ်ပြီးစိုးရိမ်ပူပန်နေတာမျိုးမရှိပါဘူး” ဆိုပြီး ပြောပြထားပါတယ်။

Hong Jong Hyun ဟာ 2007 ခုနှစ်ကတည်းက အနုပညာလောကကို မော်ဒယ်တစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့ပြီး 2008 ခုနှစ်မှာတော့ Frozen Flower ဇာတ်ကားမှာ အရံသရုပ်ဆောင် အနေနဲ့ ဦးစွာပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Dating Agency,Cyrano , Moon Lovers:Scarlet Heart Ryeo , My Absolute Boyfriend နဲ့ The King In Love တို့မှာ အရံအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် အားပေးမှုကို တစ်ခဲနက် ရရှိလာခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 

 



Follow us on