1. Home
  2. International News

ရထားတွဲလိုက် မီးလောင်မှုကြောင့် လူပေါင်း (၇၀) ထက်မနည်းသေးဆုံး

International News พ.ย. 01, 2562 view 1,583

ပါကစ္စတန်နိင်ငံမှာ ခရီသည်တင်မီးရထား မီးလောင်ပျက်စီးမှုကြောင့် လူပေါင်း (၇၀)  မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေထဲက အများအပြားဟာ မီးလောင်နေတဲ့ ရထားတွဲတွေပေါ်က ခုန်ချခဲ့ကြရာက သေဆုံးခဲ့ကြောင်း အစိုးရက ပြောတာကို ကိုးကားပြီး ပါကစ္စတန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီမီး​လောင်မှုဖြစ်စဉ်ဟာ ဖြစ်ခဲ့တဲ့ ခရီးသည်တွေ မနက်စာ ချက်ပြုတ်နေတုန်း ဂက်စ်အိုး ပေါက်ပြီး မီးလောင်မှု စဖြစ်ခဲ့တာလို့ ပါကစ္စတန် ရထားပို့ဆောင်ရေး ဝန်ကြီး ရှိတ်ရာရှစ်အာမက်က ပြောပါတယ်။ နောက်တော့ မီးတောက်တွေက အနည်းဆုံး တခြားတွဲ သုံးတွဲလောက်ကို ကူးသွားပါတယ်။

ရထားမီးလောင်ချိန်မှာ ခရီးသည်တွေဟာ ခုန်ချကြရာနေ သေဆုံးခဲ့ကြတယ်လို့ ပါကစ္စတန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ခရီးသည် ၄၀ လောက်လည်း ဒဏ်ရာ ရခဲ့တယ်၊ သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရထားပေါ်ပါလာတဲ့သူ အများစုဟာ မွတ်ဆလင် ဘာသာရေး ပွဲတော်ကို သွားကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လာဟိုးမြို့နားက ရိုင်ဝင်းကို သွားကြတာဖြစ်ပါတယ်။ အဲဒီပွဲတော်ဟာ ပါကစ္စတန် မှာ နှစ်တိုင်းကျင်းပနေကျဖြစ်ပြီး အကြီးဆုံး ဘာသာရေးပွဲတော် တစ်ခုဖြစ်ပါတယ်။

ပါကစ္စတန်မှာ လူသေးဆုံးမှုဖြစ်ခဲ့ရတဲ့ မတော်တဆမှုတွေလည်း အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု မီးလောင်မှုဟာ ပါကစ္စတန်ရဲ့ အခု ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရထားမတော်တဆမှုဖြစ်ပါတယ်။

ပါကစ္စတန်မှာ ဒီလို မတော်တဆမှုတွေမှာ လူသေဆုံးမှုတွေ များလေ့ရှိပါတယ်။ ရထားမှာ တင်သင့်တဲ့ ခရီးသည်ထက် အဆမတန် လူတွေ လိုက်ပါကြလို့ မတော်တဆ ဖြစ်တဲ့အခါ လူသေတာ များလေ့ရှိတာ ဖြစ်တယ်လို့ လည်းသိရပါတယ်။

Ref ; bbc

 



Follow us on