1. Home
  2. Movie Stars - Celebrity

ဖြူဖြူရဲ့ mask ကိုပါချွတ်သွားစေခဲ့တဲ့ Benjamin Sum ရဲ့ဖျော်ဖြေတင်ဆက်မှု

Movie Stars - Celebrity พ.ย. 01, 2562 view 1,821

ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့ရဲ့ ညချမ်းအချိန်အခါမှာ Myanmar Idol Season 4 Top Finalists စာရင်းဝင် ၁၁ ယောက်ရဲ့ ပထမဦးဆုံး Live ဖျော်ဖြေတင်ဆက်မှုကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ နေလင်းကျော်၊ တန်ခွန်ကျော်၊ Benjamin Sum ၊ အက်စတာဒေါ့ချင်းသ်ဆုံ၊ အေးမြဖြူ၊ စောခရစ် မူးလာ၊ ယောကီး၊ နှင်းအိအိဝင်း၊ နော်စေးစေထူး၊ ထက်အဉ္ဇလီ၊ ခြူးစစ်ဟန် တို့က Myanmar Idol Season 4 ကြီးရဲ့ Top 11 အဖြစ် ရွေးချယ်ခံခဲ့ရပြီး ယမန်နေ့က ကိုယ်တိုင်ရွေးချယ်ထားတဲ့ သီချင်းကိုယ်စီနဲ့ သီဆိုယှဉ်ပြိုင်သွားကြပါတယ်။

ထိုအထဲကမှ vote no. 77702 နံပါတ်နဲ့အတူ သီဆိုယှဉ်ပြိုင်သွားတာကတော့ Benjamin Sum ပါ။ Benjamin ဟာ Top Finalists ရဲ့ ပထမဆုံး live show ဖျော်ဖြေမှုကြီးမှာ ပရိတ်သတ်တွေ ကိုငှက်ကြီးလို့ စွဲစွဲမြဲမြဲချစ်ပြီးအားပေးကြတဲ့ တစ်ချိန်က ဂန္ဓဝင်အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ ‘နေကောင်းလား မေမေ’ ဆိုတဲ့ သီချင်းနဲ့အတူ ယှဉ်ပြိုင်သွားခဲ့ပါတယ်။

Benjamin Sum ဟာ ‘နေကောင်းလား မေမေ’ သီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုဖျော်ဖြေသွားခဲ့တာကိုကြည့်ခြင်းအားဖြင့် သူ သူ့အမေကို ဘယ်လောက်ထိအောင်ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာ အလိုလိုနေရင်း သိသာထင်ရှားလို့နေပါတော့တယ်။

 သီချင်းသီဆိုပြီးနောက်မှာ ဒိုင်တေွ မှတ်ချက်ပေးတဲ့အခါ ရလာဒ်ကောင်းစေမယ့် မှတ်ချက်တွေကိုသာရရှိခဲ့ပါတယ်။ Benjamin သီချင်းစဆိုတုန်းက ဒိုင်လူကြီးထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ တစ်မူထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့အတူ မျက်နှာမှာ mask ကိုတပ်ထားခဲ့ပေမယ့် Benjamin ရဲ့ ခံစားချက်အပြည့်နဲ့ ဖျော်ဖြေမှုတွေကြောင့် ဖြူဖြူ မျက်ရည်မဆည်နိုင်ဖြစ်သွားပြီး Mask ကိုတောင် ချွတ်လိုက်ရတဲ့ အထိဖြစ်သွားစေခဲ့ပါတယ်။

ဖြူဖြူ့တောင် Mask ကို ချွတ်သွားစေတဲ့ Benjamin Sum ရဲ့ ဖျော်ဖြေတင်ဆက်မှု အပြည့်အစုံကို ပိုပိုလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Ref: Myanmar Idol

(ပိုပိုလေး)

 

 



Follow us on