1. Home
  2. Movie Stars - Celebrity

Youtube မှာ ကြည့်ရှုသူ သန်း(၇၀၀) ကျော်ရရှိတဲ့ ပထမဆုံး အဆိုတော်အဖွဲ့ ဖြစ်လာတဲ့ Blackpink

Movie Stars - Celebrity ต.ค. 31, 2562 view 1,499

တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink ဟာ အရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာပါတယ်။ Blackpink ထွက်တဲ့ သီချင်းတိုင်းလိုလိုနာမည်ကြီးလူကြိုက်များပြီး MV တိုင်း သူမတူတဲ့ Youtube viewers အသီးသီးရရှိလို့ထားပါတယ်။ ထိုအထဲကမှ ကြည့်ရှုသူ သန်း(၇၀၀) ကျော်သွားပြီဖြစ်တဲ့ MV တွေက ဘာဖြစ်မယ်ဆိုတာ သိရှိဖို့ ပိုပိုလေးနဲ့ အတူလိုက်ပါစီးမျောလိုက်ကြရအောင်။

As If it’s your last

အောက်တိုဘာ ၃၁ ရက်နေ့မှာ Blackpink ရဲ့ As if it’s your last သီချင်းဟာ ကြည့်ရှုသူ သန်း (၇၀၀) တိတိ ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး လူငယ်တွေကြားမှာ ရေပန်းစားကျော်ကြားနေဆဲ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Duu-Du Duu-Du

ဒီသီချင်းကတော့ ၂၀၁၈ မှာ ထွက်ရှိခဲ့တဲ့ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး သီချင်း တစ်ပုဒ်လို့ပြောလို့ရပါတယ်။ Blackpink ဟာ ‘Duu-Du Duu-Du’ သီချင်းနဲ့အတူ အမေရိကန်၊ ဟောလိဝုဒ်ထိ တက်ရောက်နိုင်ခဲ့ပြီး အခုဆိုရင်ဒီသီချင်းဟာ Youtube မှာ ကြည့်ရှုသူ ၁ ဘီလီယံ တိတိရရှိထားပြီပဲဖြစ်ပါတယ်။

Boombayah

‘Boombayah’ အမည်ရတဲ့ သီချင်းကတော့ Blackpink ရဲ့ ပွဲဦးထွက် သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး အခုဆိုရင် Youtube ကြည့်ရှုသူ သန်း (၇၀၀) ကျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီလိုနဲ့ Blackpink ဟာ youtube မှာကြည့်ရှုသူအများဆုံးရရှိထားတဲ့ အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်လာပါတော့တယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on