1. Home
  2. Movie Stars - Celebrity

တစ်ဦးတည်းသောသားလေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စိုးမြတ်နန္ဒာ

Movie Stars - Celebrity ต.ค. 29, 2562 view 2,835

ပရိသတ်တွေက ဒါဒါလို့ချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်နန္ဒာကတော့ တစ်ချိန်ကအနုပညာလောကထဲမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့မျက်နှာပေါက်နဲ့ နှုတ်ခမ်းစူစူလေးကြောင့်ပင် ပရိသတ်တွေကသူမကိုအချစ်ပိုခဲ့ကြတာပါ။ အောင်မြင်နေစဉ်အချိန်အတွင်းမှာပင် အဆိုတော်ဖြိုးကြီးနဲ့ အိမ်ထောင်ရက်သားကျကာ ချစ်စရာကောင်းတဲ့သားဦးလေးကို မွေးဖွားခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ကံမကောင်းအကြောင်းမလှတာကြောင့် အိမ်ထောင်ရေးပြိုကွဲခဲ့ပေမယ့် သားလေးမြတ်သောမောင်ကိုတော့ မိခင်တစ်ဦးပီသစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီကနေ့အောက်တိုဘာလ (၂၉) ရက်နေ့ကတော့ စိုးမြတ်နန္ဒာရဲ့ တစ်ဦးတည်းသော သားဦးရတနာလေးဖြစ်တဲ့ မြတ်သောမောင်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာပဲ အသက် (၁၃) နှစ်ပြည့်သွားတဲ့ သားဖြစ်သူအတွက် စိုးမြတ်နန္ဒာက မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့မြင်ရပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေးအဖြစ်ကနေ အရွယ်ရောက်လာတဲ့ သားဖြစ်သူရဲ့အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်စကားလေးရေးသားခဲ့တာပါ။

စိုးမြတ်နန္ဒာက သားဖြစ်သူမြတ်သောမောင်ကို “၁၃ နှစ်ပြည့်သွားတဲ့ သားတော်မောင်လေး ❤️

-လောကဓံကိုခံနိုင်တဲ့သူဖြစ်ပါစေ
-သက်ရှည်ကျန်းမာပါစေ
-ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်သူဖြစ်ပါစေ” ဆိုပြီး မိခင်တစ်ယောက်ရဲ့ချစ်ခြင်းများစွာဖြင့် ဆုမွန်ကောင်းလေးတောင်းပေးထားတာဖြစ်ပါတယ်။

Happy Birthday ပါ မြတ်သောမောင်လေးရေ…. မိဘအပေါ်သိတတ်လိမ္မာတဲ့ သားကောင်းရတနာလေးဖြစ်ပါစေ၊ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်တဲ့ လူရည်ချွန် လူတော်လူကောင်းလေးတစ်ယောက်ဖြစ်ပါစေလို့ ထပ်ဆင့်ဆုမွန်တောင်းပေးလိုက်ရပါတယ်…

 

(ပိုပိုလေး)



Follow us on