မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ ကိုယ်ပိုင် ဘရန်းဖြစ်တဲ့'JLingz' ဘရန်းနာမည်နဲ့ ထုတ်လုပ်ရောင်းချနေတာဖြစ်ပြီး ပထမနှစ်မှာတင် ပေါင် ၂သိန်းကျော်အထိ အရှုံးပေါ်ခဲ့ပါတယ်။
'JLingz' ကုမ္မဏီကို ၂၀၁၈ ၊ ဇန်နဝါရီလက တည်ထောင်ခဲ့တာဖြစ်ပါတယ်။'JLingz' ဘရန်းမှာ ဦးထုပ် ၊ အဝတ်အစား ၊ ဆွယ်တာ ၊ အိပ် ၊တီရှပ် ၊ ကလေးဝတ် ၊ လူကြီးဝတ် Accessories အကုန်ပါဝင်တာ ဖြစ်ပါတယ်။ ထို့ ဘရန်းတွေကို ပြီးခဲ့တဲ့နှစ် နွေရာသီမှာ စတင်ရောင်းချတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်းမှာတော့ ပေါင် (၂၁၁၆၈၈) အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နည်းပြမော်ရင်ဟို လက်ထက်က မန်ယူအသင်းက လီဗာပူးလ်ကို ၃-၁ ရှုံးနိမ့်ခဲ့တဲ့ မတိုင်မီမှာ မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကိန်း က လင်ဂတ်ကို ကွင်းအတွင်းမှာ ခြေစွမ်းပြကစားဖို့ထက် ကွင်းပြင်ပကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ လင်ဂတ်ကို ဝေဖန်ခဲ့ပါသေးတယ်။
ဒါ့အပြင် မန်ယူ ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးကလည်း လင်ဂတ်ကို ‘ အသင်းကြီးနဲ့ ကစားရမယ်ပွဲရှိနေတာတောင်မှ သူမှာ အဝတ်အစားကိစ္စတွေနဲ့ စောက်လုပ်ရှုပ်နေနိုင်သေးတယ်လို့ ’ လည်း ဝေဖန်ခဲ့ပါတယ်။
ဒါပေမယ့်လင်ဂတ်ဟာ သူတည်ထောင်တဲ့ 'JLingz' ကုမ္မဏီကို အောင်မြင်ဖို့ အများကြီး မျှော်လင့်ထားတယ် လို့သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် လင်ဂတ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်နေရပြီး ဒီရာသီမှာ အသင်းအတွက် တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။
comment