1. Home
  2. Myanmar News

အစိုးရဝန်ထမ်းတွေ လစာတိုးပေးမယ်ကိစ္စနဲ့ပါတ်သတ်ပြီး ဦးဇော်ဌေး ရှင်းလင်း

Myanmar News ต.ค. 25, 2562 view 1,550

ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ ပါတ်သတ်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။

ဦးဇော်ဌေးက အစိုးရဝန်းတမ်းတွေကို လစာနဲ့ဆုကြေးငွေ တိုမြှင့်ပေးမယ်ဆိုတာ မှတ်ကန်မှုမရှိပါဘူး ၊ လစာတိုးပေးဖို့ဆိုတာလည်း လောလောဆယ် ဘတ်ဂျက်လျာထားခြင်းမရှိဘူးဆိုတဲ့အကြောင်းကို ပြောကြားခဲပါတယ်။

“၅၄၀၀၀ စီပေးဖို့ဆိုတာ ဘတ်ဂျက်ရှိမှရမှာ၊ ဘတ်ဂျက်လည်းလျာထားတာ မရှိဘူး အဲတော့ ဒါကတော့ မဟုတ်ပါဘူး။ ဘတ်ဂျက်လျာထားဖို့လိုတယ်။ ဒီဟာတွေကို လိုက်ပြီးမေးတယ်၊ မေးတော့ စီမံဘဏ္ဍာကလည်း မသိဘူးပြောတယ်။ သူတို့ လုပ်ထားတာ မရှိဘူးလို့ပြောတယ်။

ကျနော်တို့ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရုံးကလည်း ညွှန်ကြားထားတာရှိလားလို့ မေးတော့လည်း မရှိဘူး။ မရှိတော့ ဒါကတော့ ပြောနိုင်တာကတော့ ကောလာဟလပဲရှိတယ်။ ကျနော်တို့ သိသမျှကတော့ အစီအစဉ် မရှိပါဘူး။” လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နိုင်ငံဝန်ထမ်းတွေကို  ကျပ် ၅၀၀၀၀ ဒါမှမဟုတ် ၅၄၀၀၀ တိုးမြှင့်ပေးမယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာ ပြီး ဝန်ထမ်းတွေကလည်း အမှန်တကယ် တိုးမြှင့်ပေးနိုင်ဖို့ မျှော်လင်နေကြပါတယ်။

Ref ; dvb

 

 



Follow us on