မြန်မာနိုင်ငံက ဟော့အဖြစ်ဆုံးမင်းသမီးကိုပြပါဆိုရင် သင်ဇာဝင့်ကျော်ကိုပဲပြေးပြရလောက်အောင် လက်ရှိအနုပညာလောကထဲမှာသာ ဆိုရှယ်မီဒီယာကြီးတစ်ခုလုံးမှာပါ သင်ဇာဝင့်ကျော်က အချိန်ပြည့်နေရာယူထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေကစတင်သိရှိခဲ့တဲ့ သူမက ယခုနောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ Sexy အကျဆုံး၊ ဟော့အဖြစ်ဆုံးမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဖြူဖွေးနုထွတ်တဲ့အသားအရည်နဲ့ အပြစ်ဆိုစရာမရှိ ချောမောလှပတဲ့သူမရဲ့ရုပ်ရည်ကြောင့် ပရိသတ်ကြီးကအချစ်ပိုခဲ့ရသူလေးဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသူပါ။ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းလေးကို အမြဲပိုင်ဆိုင်နိုင်ဖို့ အားကစားလုပ်ပြီး ဂရုတစိုက်ထိန်းသိမ်းနေတာကြောင့်လဲ သူမရဲ့ဘော်ဒီအလှက ယောကျာ်းထုကြီးကြားမှာသာမက မိန်းကလေးပရိသတ်တွေကြားမှာပါ အလွန်ရေပန်းစားလှပါတယ်။
ညှို့အားပြင်းကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့သူမက ယခုနောက်ပိုင်း Sexy ဖက်ရှင်တွေကို ပိုမိုဝတ်စားလာတာကိုတွေ့ရပါတယ်။ အများနဲ့မတူ တစ်မူထူးခြားစွာ ခေတ်ရှေ့ပြေးလွန်းတဲ့သူမရဲ့ဝတ်စားဆင်ယင်မှုက တစ်ချို့သူတွေအတွက်တော့ မျက်စိစပါးမွှေးစူးစရာဖြစ်ပြီး ဝေဖန်တိုက်ခိုက်ခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း သင်ဇာကတော့ မည်သို့မျှတုံ့ပြန်ခြင်းမပြုပဲ သူမယုံကြည်ရာလမ်းကြောင်းကိုသာ ရှေ့ဆက်လျှေက်လှမ်းခဲ့ပါတယ်။
ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူမဘယ်လိုပင်ဝတ်စားစေကာမူ အမြင်မတော်သူတွေက ဝေဖန်ကဲ့ရဲ့မှုကိုပြုကြပေမယ့် သူမကိုချစ်မြဲချစ်နေတဲ့ ပရိသတ်ထုကြီးကတော့ နောက်ကနေအခိုင်အမာဝန်းရံအားပေးနေကြဆဲပါ။ သင်ဇာကတော့ သူမရဲ့စွဲမက်ဖွယ်အလှတရားတွေကို မကြာခဏဆိုသလို ထုတ်ဖော်ပြသတတ်ပါသေးတယ်။
သိမ်မကြာသေးခင်ကလည်း သူမရဲ့ပင့်သက်ရှိုက်မောဖွယ်အလှတရားတွေကို လူမှုကွန်ယက်ပေါ်မှာ ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ ကျစ်လစ်လှပတဲ့ကောက်ကြောင်းအလှတွေပေါ်လွင်နေခဲ့တဲ့ သူမရဲ့ပုံရိပ်တွေက ယောကျာ်းထုကြီးကို အတုံးအရုံးကျရှုံးစေခဲ့သလို ဆိုရှယ်မီဒီယာမှာလဲ ဂယက်အကြီးကြီးထခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကလဲ ခေါင်းအုံးလေးတစ်လုံးသာကွယ်ထားတဲ့ သူမရဲ့သဘာ၀အလှတွေကို ထပ်မံထုတ်ဖော်ပြသခဲ့ပြီး ယနေ့မှာလဲ ကျစ်လစ်လှပတဲ့သူမရဲ့ပေါင်တံအလှကို အသားပေးရိုက်ကူးထားတဲ့ ပုံရိပ်တွေကိုတင်ခဲ့တာတွေ့မြင်ရပါတယ်။
ယခုတစ်လော သူမရဲ့စွဲမက်ယစ်မူးဖွယ်အလှတို့ကို တစ်မျိုးပြီးတစ်မျိုးမရိုးအောင်ပြသနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
(ပိုပိုလေး)
comment