အကယ်ဒမီမို့မို့မြင့်အောင်ဟာဆိုရင် တစ်ခေတ်တစ်ခါက အနုပညာလောကထဲမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးတစ်ဦးဖြစ်ပြီး သူမရဲ့ထူးချွန်တဲ့ပြောင်မြောက်တဲ့ အနုပညာအရည်အသွေးကြောင့် အကယ်ဒမီဆုကြီးများစွာကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။ မို့မို့မြင့်အောင်ကတော့ လက်ရှိချိန်ထိတိုင် ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ သူမရဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဝါရင့်သရုပ်ဆောင်ပညာရှင်ကြီး တစ်ဦးဖြစ်တဲ့မို့မို့မြင့်အောင်ကတော့ သူမအနေဖြင့် မျိုးဆက်သစ်လူငယ်အနုပညာရှင်တွေကို မွေးထုတ်ပေးနေတာလဲဖြစ်ပါတယ်။ သူမမွေးထုတ်ပေးခဲ့တဲ့ တပည့်တွေထဲမှာတော့ သရုပ်ဆောင်မိုးအောင်ရင်ဟာ သားအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ သားတပည့်တစ်ဦးဖြစ်သလို ဆရာတစ်ဖြစ်လဲ မိခင်ရင်းတစ်ယောက်သဖွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တာကြောင့် မိုးအောင်ရင်နဲ့မို့မို့မြင့်အောင်ဟာ ဆရာတပည့်ထက်ပိုကာ မိခင်နဲ့သားတစ်ဦးလို သံယောဇဉ်မေတ္တာကြီးမားကြသူတွေဖြစ်ပါတယ်။
မနေ့ကနေ့လည်ပိုင်းမှာတော့ မိုးအောင်ရင်က အမေရင်းတစ်ယောက်လိုချစ်ရတဲ့အမေမွှေးဆီကို လူကိုယ်တိုင်သွားရောက်ကန်တော့ပြီး ဂါရ၀ပြုခဲ့တာကိုတွေ့ရပါတယ်။ ထောင်ကထွက်လာပြီးနောက် သူမဆီကိုလုံး၀လာမတွေ့သေးတဲ့ သားဖြစ်သူမိုးအောင်ရင်က အိမ်တိုင်ရာရောက်လာရောက်ကန်တော့ခဲ့တာကြောင့် မို့မို့မြင့်အောင်တစ်ယောက် ဝမ်းသာပီတိများဖြာဝေနေတာကို တွေ့မြင်ရပါတယ်။
မို့မို့မြင့်အောင်က သားဖြစ်သူလာရောက်ကန်တော့တာကြောင့် ကျေနပ်ပီတိဖြစ်ရတဲ့အကြောင်းကို “မနေ့ကနေ့လည်က သားသားလာကန်တော့တယ်။ မို့အမျိုးသားနဲ့၁၉၈၇ခုနှစ်ကလက်ထပ်တာဆိုတော့ သားသားကိုမွေးမယ်ဆို ၈၈ခုနှစ်ပေါ့။ သားသားက ၈၈မှာမွေးတာလေ။ ဝမ်းနဲ့လွယ်မမွေးရပေမဲ့ အနုပညာနဲ့လွယ်မွေးရတာပါ။ ကိုယ်သားကိုအကောင်းဆုံးတွေကြီးဖြစ်စေခြင်ခဲ့တာပါ။ အခုသားသားကလိမ်မာနေပြီဆိုတော့ အဆိုးထဲကအကောင်းပေါ့။ သားသားကိုမြတ်စွာဘုရားစောင့်ရှောက်လို့ လူချွန်လူကောင်းဖြစ်ပါစေ” ဆိုပြီး သားတပည့်ဖြစ်သူ မိုးအောင်ရင်အတွက် တောင်းဆုခြွေပေးခဲ့တာဖြစ်ပါတယ်။
ဆရာတပည့်ဆိုပေမယ့် သားအမိအရင်းနဲ့မခြားတဲ့ မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင်တို့ရဲ့ ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ ပုံရိပ်လေးကိုပါမျှဝေပေးလိုက်ပါတယ်။
(ပိုပိုလေး)
comment