1. Home
  2. Football

ပရီးမီးယားလိဂ်ချန်ပီယံဆု ဘယ်အသင်းရမယ်ဆိုတာကို ခန့်မှန်းပေးခဲ့တဲ့ ဝိန်းရွန်းနီ

Football ต.ค. 07, 2562 view 1,568
မန်ယူအသင်း ကန္တဝင်ကစားသမားဟောင်း ဝိန်းရွန်းနီဟာ ဒီနှစ် ၂၀၁၉/၂၀ ပရီးမီးယားလိဂ်ရာသီမှာ ဘယ်အသင်းက ဗိုလ်စွဲနိုင်ခြေရှိလဲ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းနင့် လီဗာပူးလ်အသင်းတို့ ချန်ပီယံဆုတိုက်ပွဲအတွက်ပြင်းထန်နေပြီး ဘယ်အသင်းက ရနိုင်ခြေပိုများလည်းဆိုတာကို ပြောကြားခဲ့တာပါ။
 
ဒီရာသီမှာ လီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို (၈) မှတ်အထိဖြတ်ထားနိုင်တာကြောင့် ဒီရာသီမှာတော့ လီဗာပူးလ်အသင်းက ဗိုလ်စွဲနိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
ဝိန်းရွန်းနီက “ကျွန်တော့ အမြင်အရပြောရရင် လီဗာပူးလ်အသင်းကြည့်ရတာ သန်မာတဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ။ ဒီရာသီမှာ လီဗာပူးလ်အသင်က ပိုတိုးတက်လာခဲ့ပြီး မန်စီးတီးအသင်းကတော့ မနှစ်က ခြေစွမ်းအတိုင်း ပုံမှန်အနေအထားမှာပဲ ရှိနေတာပါ။ ဒါကြောင့် လီဗာပူးလ်အသင်းက ဗိုလ်စွဲနိုင်ခြေ ပိုများနေတာပါ။ ”
 
အရင်က ရွန်းနီဟာ သူ့ရဲ့အမုန်းဆုံးအသင်းကို ပြောပါဆိုရင် လီဗာပူးလ်အသင်းလို့ဆိုပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလားကို မရစေချင်ဘူးလို့ ပြောထားခဲ့တာရှိပါတယ်..။ ဒါပေမယ့် သူမရစေချင်တဲ့ လီဗာပူးလ်အသင်းကပဲ ချန်ပီယံဆုကို ဗိုလ်စွဲနိုင်မယ်လို့ ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။
 
ယာဂန်ကလော့ပ် ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ၈ ပွဲ ကစားထားပြီး ၊ ၈ ပွဲစလုံးကို အနိူင်ရရှိထားပါတယ်။ ဒုတိယနေရာမှ မန်စီးတီးကိုလည်း (၈) မှတ်အထိဖြတ်ထားပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၂၉ ကြာ ဝေးကွာနေတဲ့ ပြည်တွင်း လိဂ်ဖလားကို ဒီနှစ်မှာ ပိုင်ဆိုင်သွားနိင်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။
 


Follow us on