သို့ပေမယ့် မြန်မာနိုင်ငံကို Sinon လာရောက်လည်ပတ်ပြီးချိန်မှာတော့ အားလုံးရဲ့အမြင်သဘောထားတွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။ Sinon ဟာ ပင်ကိုစိတ်ရင်းခံက နူးညံ့တဲ့စိတ်နှလုံးသားပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်ကတည်းက မရှိဆင်းရဲသားတွေကို ကူညီလှူဒါန်းမှုတွေများစွာပြုလုပ်ခဲ့ပါတယ်။
ယခုဒုတိယအကြိမ်ထပ်မံရောက်ရှိစဉ်မှာလည်း ဘုန်ကြီးကျောင်းမှာနားခိုနေတဲ့ မရှိဆင်းရဲသားကလေးတွေ၊ ဘဝပေးကံမကောင်းလို့ လမ်းဘေးမှာဒုက္ခရောက်နေကြတဲ့သူတွေနဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီလှူဒါန်းမှုတွေ အမြောက်အများပြုလုပ်ခဲ့ပါတယ်။ Sinon ရဲ့ ပရဟိတစိတ်ဓာတ်ဟာ မြန်မာပရိသတ်တွေကြား တစ်စတစ်စနာမည်ကြီးလာခဲ့ပြီး ယခုဆိုရင် မြန်မာပရိသတ်တွေက သူ့ကိုအချစ်ပိုလာကာ အခိုင်အမာကိုအားပေးနေကြပြီဖြစ်ပါတယ်။
ရောမရောက် ရောမလိုကျင့်၊ မြန်မာရောက် မြန်မာလိုကျင့်ဆိုသလို Sinon က မြန်မာ့ရိုးရာအဝတ်အစားကိုလဲ အမြတ်တနိုးတန်ဖိုးထားဝတ်ဆင်တာကို တွေ့မြင်ရပါတယ်။ သူဟာ မြန်မာလူမျိုးတွေရဲ့ ရိုးသားကြင်နာမှု၊ နွေးထွေးပျူဌာမှုတို့ကြောင့် မြန်မာပြည်ကြီးကိုလဲ ချစ်တယ်လို့ဆိုပါတယ်။ လတ်တလောမှာ Sinon က ရွှေမြန်မာတို့ရဲ့ ပုဂံမြေကိုသွားရောက်လည်ပတ်နေတာဖြစ်ပြီး ရောက်ရာနေရာအရပ်ဒေသက မရှိဆင်းရဲသားတွေကို အလှူအတန်းတွေပြုလုပ်ခဲ့တာကို တွေ့မြင်ရပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ လမ်းဘေးမှာတောင်းစားနေတဲ့ အဘွားအိုနဲ့ မိန်းမငယ်လေးတို့အတွက် ပိုက်ဆံများလှူဒါန်းဖို့ သူကိုယ်တိုင်လမ်းဘေးမှာဝင်ရောက်တောင်းခံပေးခဲ့ပါတယ်။ ထိုဗီဒီယိုဟာ ပရိသတ်တွေကြားပျံ့နှံ့ခဲ့ပြီး Sinon ရဲ့လုပ်ရပ်ကို အားလုံးက မချီးကျူးပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်။
မနေ့ကလဲ ပုပ္ပါးသွားရောက်စဉ်လမ်းတစ်လျှောက်မှာ တွေ့သမျှလူတွေကို မုန့်များဝေဌပေးခဲ့ပြီး အဖွားအိုတစ်စုကို လှူဒါန်းခဲ့တဲ့ဗီဒီယိုကတော့ နာမည်ကြီးနေပြန်ပါတယ်။ မုန့်တွေလှူဒါန်းပေးခဲ့တဲ့ Sinon ကို အဘွားအိုတွေကလဲ ဆုတောင်းမေတ္တာများပို့သပေးခဲ့ပြီး သာဓုခေါ်သံတွေကြား Sinon ကတော့ အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ မြန်မာပရိသတ်တွေရဲ့အသဲကို ထပ်မံဖမ်းစားလိုက်တဲ့ Sinon Loresca ရဲ့ဗီဒီယိုကိုဖော်ပြပေးလိုက်ပါတယ်။
အပေါ်ယံအရေခွံတွေဖယ်ကြည့်လိုက်တဲ့အခါ Sinon မှာ ကြင်နာတတ်တဲ့စိတ်ထား၊ နူးညံ့တဲ့စိတ်ထားတို့ပြည့်နှက်နေတယ်ဆိုတာ မြန်မာပရိသတ်ကြီးက လက်ခံသိရှိသွားခဲ့ပါပြီ။
(ပိုပိုေလး)
comment