1. Home
  2. Special or Others

E- Sports ပြိုင်ပွဲတွင် ထိုင်းဘုန်းကြီးအသင်း ပထမဆု ဆွတ်ခူးရရှိ

Special or Others ก.ย. 20, 2562 view 2,309

အခု မော်ဒန်ခေတ်ကာလတွင် E- Sports ပြိုင်ပွဲများကို နိုင်ငံအနှံတွင် ပြုလုပ်လာကြပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်အနေနဲ့လည်း အရေးပါလာခဲ့ကြပြီ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း E- Sports ပြိုင်ပွဲများကို ပြုလုပ်ပေးလျှက်ရှိပြီး တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူငယ်တွေလည်း အများအပြားရှိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ E- Sports ပြိုင်ပွဲတစ်ခုမှာတော့ ဘုရားသားတော်တွေဖြစ်တဲ့  ထိုင်းဘုန်းကြီးအသင်းဟာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ဆွတ်ခူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွွင် Khon Kaen University ကျင်းပသည့် E- Sports ပြိုင်ပွဲတွင် ထိုင်းဘုန်းကြီးအသင်းဟာ ပထမ ဆု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဘုန်းကြီးအသင်းမှ သုံးပါးဟာ ( Balee Sathit Suksa) ထိုင်းဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓစာပေများကို သင်းကြားနေတာ ဖြစ်ပါတယ်။
 
အဆိုပါ ထိုင်းဘုန်းကြီးအသင်းဟာ ထိုင်းနိုင်ငံတွွင် Khon Kaen University ကျင်းပသည့် E- Sports ပြိုင်ပွဲတွင် Speed Drifters ဂိမ်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပထမဆု ဆွတ်ခူးနိုင်ခဲ့ကြတာပါ။ အဆိုပါ သံဃာတော်တွေဟာ ထိုင်းဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓစာပေများကို တစ်ပါတ်လျှင် နာရီ (၂၀) ခန့်သင်ကြားရပါတယ်။ ထို့နောက် အားလပ်တဲ့အချိန်မှာတော့ အခြား ကွန်ပျူတာနဲ့ပါတ်သတ်တဲ့  အွန်လိုင်းဂိမ်းတွေကို လေ့လာနိုင်တယ်လို့ သိရပါတယ်။

“ဦးဇင်းတို့ဟာ ဗုဒ္ဓစာပေ သင်ကြားနေတဲ့ ဘုရားသားတော်တွေကို အခွင့်အလမ်းတွေ ပေးချင်ပါတယ်။ အများစုဟာ ဆင်းရဲ တဲ့ မိသားစု နဲ့လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ မိသားစုကို ဆန်ကျင်ပြီး လာခဲ့ကြရတဲ့ သူတွေရှိပါတယ်။ ဒါပေမယ့် သူတို့ကို အခုလို ပထမဆု ဆွတ်ခူးနိုင်ခဲ့လိမ့်မယ်လို့တော့ မမျှောင်လင့်ခဲ့ပါဘူး ”  လို့ ထိုင်းဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် တစ်ပါးက ဆိုပါတယ်။              
 

အခုလို ဘုရားသားတော်ဟာ ဆိုရှယ်မီဒီယာ ၊ အွန်လိုင်းဂိမ်းတွေနဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် တချို့က ဘာသာရေးနဲ့ပါတ်သတ်ပြီး အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။                                                                                                                                                                                                                                 



Follow us on