1. Home
  2. Football

ကန်တီကို လူတွေ ပိုပြီးချစ်လာရတဲ့ အကြောင်းရင်း

Football ก.ย. 18, 2562 view 1,484
၁။ ကြွားဝါလိုစိတ်မရှိဘူး
 
နိုင်ဂိုလို ကန်တီဟာ ဆင်ရဲတဲ့ ဘဝကနေအောင်မြင်တဲ့ ဘဝရောက်ရှိလာခဲ့သော်လည်း စိတ်ရင်းက ကြွားဝါလိုစိတ်နည်းပါးသူပါ။ တန်ဖိုးကြီး အိမ် ၊ ကား ၊ အဖိုးတန်အဆောင်အယောင်တို့ကိုလည်း ဝယ်ယူကြွားဝါးမနေလို့ပဲရှိတာနဲ့ပဲ တင်းတိမ့်ရောင်ရဲနေတတ်သူတစ်ဦးပါ။ တစ်နှစ်ကို လစာသန်းနဲချီရနေတဲ့ ကစားသမားယောက်ဟာ တန်ဖိုးကြီး ကားတွေကို ဝယ်စီးလို့ရပေမယ့် တန်ဖိုးနည်း မီးနီကူးပါးကားလေးကို စီးပြီး ချဲလ်ဆီးလေ့ကျင့်ရေးကွင်းကို ရောက်လာတတ်သူပါ။ ကန်တီဟာ သိုးသိုးသိပ်သိပ်နေတတ်သူတစ်ဦး ဖြစ်ပြီး လူတွေကိုလည်းအမြဲ ကူညီလေ့ရှိပါတယ်။ ကွင်းတွင်းမှာလည်း မခိုမကပ်  ၁၀၀ % ပေးဆပ်ကစားပြီး အသင်းဖော်တွေနဲ့လည်း မိသားစုဝင်တွေလို သဘောထားပြီးဆက်ဆံတတ်သူပါ။

၂။ ပြိုင်ဖက်ကိုလေးစားသူ
 
ကန်တီဟာ ပြိုင်ပွဲကစားနေရချိန်မှာလည်း တစ်ဖက်ပြိုင်ဖက်ကစားသမားတွေကို လေးစားသူတစ်ဦးဖြစ်ပါတယ်။ တစ်ဖက်ပြိုင်ဖက်က သူကို အဖျက်ကြမ်းခဲ့ရင်တောင် ဘာကိုမှစောဒကတတ်ခြင်း ၊ ရန်လိုခြင်းလုံးဝမရှိသူပါ။ ဂိုးသွင်းလိုအောင်ပွဲခံရင်တောင်မှာ တဖက်ပရိတ်သတ် မျက်စိနှောက်အောင် အောင်ပွဲခံသူ မဟုတ်ပါဘူး။ တစ်ခါတရံ သူရဲ ့ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့ရင်တောင်မှ ပြိုင်ဖက်ပရိတ်သတ်တွေက “ကန်တီကတော့ သက်သက် လုပ်တာပဲ ” လို့ အမြင်မျိုးမရှိကြပါဘူး။ သူရဲ ့ပရိုပီသတဲ့ အပြုအမူကြောင့် တစ်ဖက်ပြိုင်ဖက်နဲ့ ကစားသမားတွေတောင် လေးစားအားကျရသူတစ်ဦးဖြစ်ပါတယ်။

၃။ အဆင့်အတန်းခွဲခြားခြင်းမရှိ
 
တစ်ခါတုန်းကဆိုရင် အာဆင်နယ်ပရိတ်သတ်တစ်ဦးဟာ ကန်တီကို ဓါတ်ပုံအတူတွဲရိုက်ဖို့တောင်းဆိုခဲ့ပါတယ်။ အဲ့နေက ချဲလ်ဆီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး သူနဲ့ဓါတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတဲ့သူဟာ ချဲလ်ဆီးပရိတ်သတ်တစ်ဦးပဲထင်ခဲ့တာပါ။ ဒါပေမယ့် အဆိုပါပရိတ်သတ်ဟာ သူကိုယ့်သူ အာဆင်နယ်ပရိတ်သတ်ဖြစ်ကြောင်း ၊ ရလဒ်ကို မထင်ထားကြောင်း ပြောလိုက်တဲ့အခါ ကန်တီက “ဆော်ရီး ၊ ဒါ့အတွက် စိတ်မကောင်းပါဘူး” လို့ပြန်လည်ပြောဆိုခဲ့တာကြောင့် ပြိုင်ဖက်ပရိတ်သတ်တောင့် အံအားသင့်ခဲ့ရပါတယ်။ အဆိုပါ အာဆင်နယ်ပရိတ်သတ်ဟာ ကန်တီနဲ့တွဲရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံနဲ့ ကန်တီဟာ စိတ်ထားကောင်းသူဖြစ်ကြောင်း ဆိုရှယ်တွက်တာပေါ်မှာ ချီကျူးခဲ့ပါသေးတယ်။

၄။ အရှက်အကြောက်ကြီးပြီး ရိုးသားသူ
 
ကန်တီဟာ ရိုးသားသူတစ်ယောက်ဆိုတာ ဖွင့်ဟပြောစရာတောင်လိုမယ်မထင်ပါဘူး။ သူဟာ တစ်ကယ်တော့ အရှက်အကြောက်ကြီးသူတစ်ဦးပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ ့ဖလားပြိုင်ပွဲမှာ ပြင်သစ်က အာဂျင်တီးနားအသင်းကို (၄-၃) ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက်မှာ ပြင်သစ်အသင်းဖော်တွေက ပြိုင်ပွဲထဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ကန်တီကို ချီးကျူးခဲ့ကြပါတယ်။ ပြင်သစ်အသင်းဖော်တွေက ကန်တီဟာ လူကောင်းသေးပေမယ့် မက်စီကိုတောင် ရပ်တန့်နိုင်သူဖြစ်တယ်လို့တောင် ချီကျူးခံတာပါ။
 
ဒါပေမယ့် ကန်တီက “ဒါဟာ တစ်သင်းလုံးကောင်းလို့ ရရှိခဲ့တာဖြစ်တယ်လို့ ” ချီးကျူးမှုကို တလေးတစား ပြန်လည်ပြောဆိုခဲ့့ပါတယ်။ ကန်တီဟာ ပြင်သစ်အသင်းဖော်တွေနဲ့အတူ (၂၀၁၈) ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တုန်းက ဆုပေးပွဲမှာတော့ ကမ္ဘာ့ဖလားကြီးကို ကိုင်ပြီးအောင်ပွဲခံဖို့ ရှက်နေခဲ့လို့ သူ့ရဲ့အသင်းဖော် အန်ဇွန်ဇီက ကူညီပေးခဲ့ရပါတယ်။ သူရဲ ့ရိုးသားတဲ့ အပြုအမူလေးတစ်ခုက လူသိများလာခဲ့ပြီး ကန်တီကိုပိုပြီး အချစ်တိုးစေခဲ့ပါတယ်။
 
 
 


Follow us on