မြန်မာလက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ Maldives International Future Series 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဟာ စက်တင်ဘာလ ၁၇ ရက်နေကနေ ၂၂ ရက်နေအထိကျင်းပသွားမှာဖြစ်ပါတယ်။ ၂၄-၂၉ ရက်နေ့များတွင် Maldives International Challenge ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရော ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နှစ်ယောက်တွဲပြိုင်ပွဲမှာ လှိုင်မွန်ကြူ နဲ့ တွဲဖက် ကစားသွားမယ်လို့ သိရပါတယ်။

အမျိုးသမီးချင်းအလိုက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း (၂၅) ယောက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဆိုပါအထဲမှာ (၂၃) ယောက်ဟာ ကမ္ဘာ ့အဆင့်သတ်မှတ်ချက် စာရင်းမှာပါဝင်နေပြီး ကျန်နှစ်ယောက်ကတော့ ပါဝင်နေခြင်းမရှိသေးပါဘူး။ ထို (၂၅) ယောက်ထဲတွင် သက်ထားသူဇာဟာ ကမ္ဘာ ့အဆင့်သတ်မှတ်ချက်အရ အမြင့်ဆုံးအနေအထားမှာရှိနေပြီး အနိမ့်ဆုံးကစားသမားက ရိဇုဂျိုး (ကမ္ဘာ့ဆင့် ၇၄၉) ဖြစ်ပါတယ်။
သက်ထားသူဇာဟာ ဒီပြိုင်ပွဲ ရဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး ကစားသမား ဖြစ်တာကြောင့် Round 2 ကနေသာ စတင်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ Round 2 သာအနိုင်ရပါက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ကစားနိုင်မှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲတွင် သက်ထားသူဇာဟာ Round 2 ၊ ကွာတားဖိုင်နယ် ၊ ဆီးမီးဖိုင်နယ် ၊ ဖိုင်နယ် ဆိုပြီးတော့ (၄) ပွဲသာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သက်ထားသူဇာဟာ အဆ်ိုပါပြိုင်ပွဲတွင် ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ သူနောက်တွင် အိန္ဒိယ ကစားသမား ဘရူရှာလီ (ကမ္ဘာ့အဆင့် ၉၆) ဖြင့် ဒုတိယရေးပန်အစားဆုံး ဖြစ်နေပါတယ်။
Maldives International Future Series 2019 ပြိုင်ပွဲတွင် ပထမဆု နဲ့ ဒုတိယဆု ရရှိသူတွေ အပြင် ဆီးမီးအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ ကစားသမား (၂) ယောက်ကိုလည်း ဆုတံဆိပ်တွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။