1. Home
  2. Movie Stars - Celebrity

စိုးရိမ်ရေမှတ်ရောက်နေတဲ့ နန်းဆုရတီစိုးနဲ့ ဂျီဖက်ရဲ့အချစ်ရေး

Movie Stars - Celebrity ก.ย. 10, 2562 view 1,926

မနဲ့မောင် အချစ်ဇာတ်လမ်းလေးကို ဖန်တီးတည်ဆောက်ထားတဲ့ နန်းဆုရတီစိုးနဲ့ ဂျီဖက်တို့စုံတွဲကတော့ လိုက်ဖက်ညီတဲ့ချစ်သူနှစ်ဦးမို့ ပရိသတ်တွေကသဘောတူကြည်ဖြူကာ အားကျချစ်ခင်နေကြတာပါ။ သူတို့နှစ်ဦးဟာ အနုပညာလောကထဲမှာ အောင်မြင်မှုတွေကိုကိုယ်စီပိုင်ဆိုင်ထားကြသူများဖြစ်ပြီး ဂီတသံစဉ်တွေကိုချစ်မြတ်နိုးတဲ့သူတို့နှစ်ယောက်ကတော့ သီချင်းတွေကိုလည်း အတူတူဖန်တီးသီဆိုထားကြပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဂျီဖက်ကတော့ သူ့ရဲ့မမနန်းဆုကို ဘယ်လောက်ထိချစ်ကြောင်းနဲ့ မမရဲ့အလှအပတွေကို သီချင်းစာသားတွေထဲမှာ ထည့်ရေးတတ်ပြီး နန်းဆုအတွက်လည်း အမိုက်စားသီချင်းတွေဖန်တီးရေးစပ်ပေးခဲ့ပါသေးတယ်။ ပရိသတ်တွေအားကျရတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲအဖြစ် တည်ရှိနေတဲ့ နန်းဆုနဲ့ဂျီဖက်တို့နှစ်ယောက်ကတော့ ချစ်သက်တမ်း (၂) နှစ်ကျော်ကြာမြင့်သွားပြီဖြစ်ပါတယ်။

နန်းဆုနဲ့ ဂျီဖက်ကတော့ ချစ်သူရည်းစားတွေရဲ့သဘာဝအတိုင်း စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါတိုင်း ပြတ်မယ်စဲမယ်လုပ်တတ်ပါသေးတယ်။ အဲ့လိုဖြစ်တဲ့အခါတိုင်း ပရိသတ်တွေက သူတို့နှစ်ယောက်အတွက် စိတ်ပူခဲ့ကြပါတယ်။ မကြာသေးခင်ကလဲ ပရိသတ်တွေကြား နန်းဆုနဲ့ဂျီဖက်ရဲ့ အချစ်ရေးအဆင်မပြေမှုတွေက ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ နှစ်ယောက်သားလမ်းခွဲပြတ်စဲကြတဲ့ အခြေအနေမျိုးတွေထိဖြစ်ခဲ့ပြီး ပရိသတ်ကြီးကတော့ ချစ်သူနှစ်ယောက်အချစ်စမ်းတယ်ပဲ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ  သူတို့နှစ်ယောက်ပြန်လည်သင့်မြတ်သွားတာကို တွေ့ရပါတယ်။

သို့ပေမယ့် မကြာခဏ ပွဲတွေကိုအတူတက်ရောက်ပြီး၊ ခရီးတွေလဲ ခဏခဏထွက်တတ်သေးတဲ့ နန်းဆုနဲ့ဂျီဖက်ကိုတော့ ယခုနောက်ပိုင်း အတူယှဉ်တွဲသွားလာတာမျိုးတွေ သိပ်မတွေ့ရတော့သလို နန်းဆုကလဲ သူမတစ်ယောက်တည်းသာ ပွဲတွေတက်ရောက်နေတာ တွေ့ရပြီး ဂျီဖက်ကလဲ မမမပါပဲ ခရီးတွေထွက်နေတာကို တွေ့မြင်လာရပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေက ပိုမိုစိုးရိမ်လာကြတာဖြစ်ပြီး နန်းဆုတို့အချစ်ရေးကို စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

အားလုံးကစိတ်ဝင်စားနေတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးအခြေအနေကိုတော့  နန်းဆုရတီစိုးက မီဒီယာတွေနဲ့အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်ပါတယ်။ နန်းဆုက “အချစ်ရေးက လက်ရှိမှာတော့ ဘာမှတိတိကျကျပြောလို့မရသေးဘူး။ အခုအခြေအနေက ထိလွယ်ရှလွယ်တဲ့ အခြေအနေ၊ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားပါ” လို့ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

ဆက်ပြီး “ပြန်တွေးမိတိုင်း စိတ်ဆိုးစရာ၊ စိတ်ညစ်စရာ၊ ဒေါသထွက်စရာတွေ၊ နာကျင်စရာတွေ၊ ခွင့်မလွှတ်နိုင်တဲ့အရာတွေက တွေးမိတိုင်း ပြန်ပေါ်လာနေတဲ့ အနေအထားမှာ ဒေါသထွက်၊ ၀ုန်းဒိုင်းကျဲပြီးလုပ်လိုက်ရင် သူ့အမှားက ကိုယ့်အလွန်ဖြစ်သွားမှာ အဲ့လိုမျိုးမဖြစ်ချင်တော့ဘူး။ အဲ့တာကြောင့် ခုချိန်မှာ ခေါင်းအေးအေးနဲ့ သွေးအေးအေးထားပြီး ဒီကိစ္စတွေကိုဘယ်လိုမျိုးလုပ်မလဲဆိုပြီး စဉ်းစားဆုံးဖြတ်နေတဲ့ အနေအထားပါ” လို့ ဆိုသွားပါတယ်။

လက်ရှိမှာတော့ နန်းဆုဘက်က စဉ်းစားဆုံးဖြတ်နေတဲ့အချိန်မို့ သူမတို့နှစ်ယောက်ကြား အဆက်အသွယ်တွေလဲ ပြတ်တောက်နေတယ်လို့ ဆိုထားပါသေးတယ်။ ဒါ့အပြင် နန်းဆုက သူမခံယူထားတဲ့အချစ်မှာ ဂုဏ်၊ ငွေ၊ ပကာသနတွေမလိုအပ်ပဲ သစ္စာ၊ မေတ္တာနဲ့ ကိုယ်ချင်းစာတရားသာလိုအပ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

သူမပြောသွားတာက “နန်းဆုအချစ်အပေါ်မှာလိုချင်တာက ရှင်းတယ်။ ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေမလိုချင်ဘူး၊ နန်းဆုလိုချင်တာက သစ္စာတရား၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားပဲ။ အဲ့ဒီထဲက တစ်ခုခုလိုအပ်သွားမယ်ဆိုရင်၊ မပေးနိုင်တော့တာပဲဖြစ်ဖြစ်၊ မရှိတော့တာပဲဖြစ်ဖြစ် အဲ့လိုဆိုရင်တော့ Relationship က ဆက်သွားဖို့အတွက် သိပ်အဆင်မပြေတော့ဘူး” လို့ ဆိုသွားပါတယ်။ ၂၀၁၉ ခုနှစ်က ဆယ်လီစုံတွဲတွေ အကွဲအပြဲအများဆုံးနှစ်ဖြစ်နေလို့ မမနန်းဆုတို့အတွဲလေးကတော့ အမြန်ဆုံးပြန်အဆင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Source_FashionMagazingMyanmar

(ပိုပိုလေး)



Follow us on