နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားသူတစ်ဦးဖြစ်တဲ့ အဆိုတော်ဟိန်းမင်းသူကတော့ ချောမောတဲ့ရုပ်ရည်နဲ့ အားကိုးချင်စရာ ယောကျာ်းပီသတဲ့ အဖုအထစ်ကြွက်သွားတို့နဲ့ ဘော်ဒီကိုပိုင်ဆိုင်ထားသူပါ။ ဟောလိဝုဒ်စတား ဂျက်စတင်ဘီဘာနဲ့ ခပ်ဆင်ဆင်တူတာကြောင့်လည်း ပရိသတ်တွေကြား နာမည်ကြီးကာ ပျိုမေတို့ရဲ့အသဲနှလုံးကို ဖမ်းစားထားနိုင်တာလည်းဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ဝေဖန်မှုတွေနဲ့အမြဲမကင်းတဲ့ အနုပညာလောကသားတွေရဲ့ထုံးစံအတိုင်း ဟိန်းမင်းသူဟာလဲ အမျိုးမျိုးသော ဝေဖန်တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့ရသူပါ။ ဘယ်လိုအကြောင်းအရာမျိုးမှာမဆို မျက်စိထောက်ဒေါက်ကြည့်ပြီး ဝေဖန်တိုက်ခိုက်ခံရသူတွေထဲမှာ ဟိန်းမင်းသူဟာလဲ တစ်ယောက်အပါအ၀င်ဖြစ်လို့နေပါတယ်။ ယခုတစ်ခါမှာတော့ ဟိန်းမင်းသူဟာ သူ့ရဲ့ဆိုးရွားလှတဲ့ဘ၀အကြောင်းကို ရင်ဖွင့်လာတာတွေ့ရပါတယ်။ တစ်ချို့သောသူတွေက သူ့ကိုဂေးအထင်နှင့် ယောကျာ်းချင်းပေးစားနေတဲ့အကြောင်းကို ရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။
ခေတ်ကြီးကိုက ရုပ်ရည်ချောမောပြီး ယောကျာ်းပီသသူဟုထင်သူများအားလုံး ဂေးဖြစ်နေတဲ့ခေတ်ကာလကြီးမှာ ရည်းစားမရှိပဲ တစ်ကိုယ်တည်းဖြစ်နေတဲ့ ဟိန်းမင်းသူကို တစ်ချို့သူတွေက ဂေးဟုအထင်မှားနေကြတာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်ပင် သူ့ရဲ့မန်နေဂျာဖြစ်သူနဲ့ ယောကျာ်းချင်းပေးစားခံလိုက်ရတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဟိန်းမင်းသူက “ကျွန်တော့် ဘဝကလဲ ယောက်ကျားချင်း မန်နေဂျာနဲ့တောင်ပေးစားခံရတဲ့ဘဝ… ကျွန်တော်သာဂေးဆို ပေါ်တင် Media နဲ့ဖွင့်ပြောမှာပါ စိတ်မပူနဲ့…ခုတော့ဒေါင်ဒေါင်မြည်ကြီးပါခင်ဗျ” ဆိုပြီးရေးသားကာ သူသာဂေးဖြစ်နေရင် မီဒီယာတွေကနေ လူသိရှင်ကြားဖွင့်ပြောသွားမှာလို့ဆိုထားပါတယ်။
ကဲ ဟိန်းမင်းသူကတော့ ပရိသတ်ကြီးအားလုံးထင်နေကြသလို ဂေးတစ်ယောက်မဟုတ်ပဲ Straight တစ်ယောက်၊ ယောကျာ်းစစ်တစ်ယောက်ဖြစ်ပါတယ်နော်… ဟိန်းမင်းသူအပေါ် ဂေးလို့အထင်အမြင်လွဲနေတာလေးတွေအားလုံး လျော့သွားကြမယ်လို့ ထင်မိပါတယ်။
(ပိုပိုလေး)
comment