One Championship ဝိတ်တန်းနှစ်ခုချန်ပီယံတွေဖြစ်ကြတဲ့ အောင်လအန်ဆန်နဲ့ ဘရန်ဒန် ဗီရာတို့ဟာ Light Heavy Weight ချန်ပီယံဆုအတွက် လာမည့် အောက်တိုဘာလမှာ ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ မြန်မာ ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ အဆိုပါပွဲအတွက် အဆင့်သင့်ဖြစ်နေပြီး ဟဲဗီးဝိတ်ချန်ပီယံ ဗီရာကိုသာ အနိုင်ထိုးသတ်နိုင်ပါက သူရဲ ့စွမ်းဆောင်ရည်ကို အနောက်နိုင်ငံတွေကပါ သတိထားမိလာကြလိမ့်မယ်လို့ ဆိုပါတယ်။
“ဗီရာဟာ ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်သလို ၊ UFC မှာလဲ ထိုးသတ်ခဲ့ဖူးသူ ဖြစ်တာကြောင့် အမေရိကား အပါအဝင် ၊ဥရောပ MMA ပရိသတ် တော်တေ်ာများများက သိထားသူ တစ်ဦးပါ။ တစ်ချိန်က UFC ရဲ့ ဟဲဗီးဝိတ် ချန်ပီယံဆုပါ သိမ်းပိုက်လိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ အခုလို သူနဲ့ ထိုးသတ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို့ ဗီရာကိုသာ အနိုင်ထိုးသတ်နိုင်ရင် အနောက်နိုင်ငံတွေကပါ ကျွန်တော်ကို သတိထားမိလာကြလိမ့်မယ် ” အောင်လအန်ဆန်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မယ့် ပွဲကြီးကို လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့ ဂျပန်နိင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။